Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကို ပြန်တိုက်ချင်၍ CDM ဝင်ခဲ့ခြင်းဖြစ်ဟု တပ်မ(၆၆) မှ တပ်သားပြော

ပြည်သူ့ရင်ခွင် ခိုလှုံလာသည့်တပ်မ(၆၆) လက်အောက်ခံ ခမရ(၆)မှ တပ်သားစောဂျွန် ၏ ပြောကြားချက်ကို ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ကို ပြန်တိုက်ချင်၍ CDM ဝင်ခဲ့ခြင်းဖြစ်ဟု တပ်မ(၆၆) မှ တပ်သားပြော
စစ်ကောင်စီတပ်ကို ပြန်တိုက်ချင်၍ CDM ဝင်ခဲ့ခြင်းဖြစ်ဟု တပ်မ(၆၆) မှ တပ်သားပြော

▪️“စစ်တပ်ထဲမှာ ကြိုက်တာလုပ်လို့ရတယ်”ဟုပြောပြီး တပ်သားသစ်များ စည်းရုံးကြဟုဆို

စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လို၍ CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း ကရင်နီဒေသ ရှေ့တန်း စစ်မြေပြင်မှ ကရင်နီပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် စစ်ကောင်စီတပ်သား တစ်ဦးက ပြောကြားသည်။

ပြည်သူ့ရင်ခွင် ခိုလှုံလာသည့်တပ်မ(၆၆) လက်အောက်ခံ ခမရ(၆)မှ တပ်သားစောဂျွန် ၏ ပြောကြားချက်ကို ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်သက် တစ်နှစ်ခန့်သာရှိသေးသည့် အဆိုပါ တပ်သားသည် နေပြည်တော်သို့ အလုပ်သွားလုပ် စဉ် အစ်မနှင့် စကားများပြီး ဘောဂသီရိကားကွင်းမှ ရောက်ရှိစဉ် စစ်မှုထမ်းဟောင်းတစ်ဦးက “စစ်တပ်ထဲမှာ ကြိုက်တာလုပ်လို့ရတယ်” ဟု ပြောဆို စည်းရုံးခဲ့သည့် အခြေအနေတွင် စိတ်ညစ်၊ စိတ်ရှုတ်နေချိန်ဖြစ်၍ စစ်ထဲဝင်ခဲ့မိကြောင်း ၊ သင်တန်း ၆လ တက်ရောက်စဉ် သင်တန်းပြီးပါက ထွက်ပြေးမည်ဟု စဉ်းစားခဲ့ကြောင်း တပ်သား စောဂျွန်က ပြောသည်။

” စစ်တပ်မကောင်းဘူးဆိုတာ စစ်တပ်ထဲရောက်မှသိတာ”ဟု စောဂျွန်က ပြောသည်။ စစ်တပ်ထဲတွင် အနိုင်ကျင့် ဖိနှိပ်မှုများ ရှိကြောင်း၊ အာဏာပြကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်နီဒေသ ဒီးမော့ဆိုမြို့နယ် ကုန်းသာတိုက်ပွဲ တစ်ပွဲသာ ကြုံခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ သေဆုံးမှုအပေါ် ဝမ်းသာခဲ့ကြောင်း CDM စစ်သား စောဂျွန်က ပြောသည်။

မူလက စစ်တပ်မှ ထွက်ပြေးပြီး အိမ်ပြန်နေရန် စဉ်းစားထားသော်လည်း နောက်ပိုင်းတွင် ပြောင်းလဲသွားကြောင်း ၎င်းက ဆိုသည်။

” စစ်ခွေးတွေကို ပြန်တိုက်ချင်လို့ CDMဝင်လိုက်တာ။ ဘာရည်ရွယ်ချက်မှမရှိဘူး။ စစ်ခွေးတွေကိုပြန်တိုက်ချင်တာပဲ”ဟု တပ်သားစောဂျွန်က ပြောသည်။

၎င်းနှင့်အတူ စစ်တပ်ထဲဝင်သည့် သူငယ်ချင်း ရှစ်ယောက်ရှိပြီး နှစ်ဦးမှာ ရှေ့တန်း၌ သေဆုံးသွားပြီး သုံးဦးမှာ နောက်တန်း၌ရှိကြောင်း၊ တစ်ဦးမှာ ရုံးပိုင်းဆိုင်ရာဖြစ်ကြောင်း တပ်သားစောဂျွန်က ပြောသည်။ တပ်သားသစ်အများစုမှာ စစ်သားသားသမီးများ ဖြစ်ကြသည်ဟုလည်း ၎င်းက ဆိုသည်။

တပ်ထဲ၌ ကျန်နေသည့် ရဲဘော်အသစ်များနှင့် သူငယ်ချင်းများ ပြည်သူလူထုနှင့် လာရောက်ပူးပေါင်းစေချင်သည်ဟု တပ်သားစောဂျွန်က ပြောသည်။

” အိမ်လည်းမပြန်ချင်ဘူး။ ဒီမှာပဲနေမယ်။ သေသေရှင်ရှင် ဒီမှာပဲနေမယ်။ ဘယ်မှသွားဖို့လည်း အစီအစဉ်မရှိဘူး။ သွားလည်းမသွားချင်ဘူး။ ကိုယ့်နိုင်ငံကလွဲပြီး ဘယ်မှ မသွားချင်ဘူး” ဟု တပ်သားစောဂျွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။