Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာနှင့် အခြားလူမျိုးစုများကို ဖယ်ကျဉ်ခွဲခြားဆက်ဆံခဲ့ခြင်းက ပိုမိုဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်လာရခြင်းဖြစ်ဟု NUG ထုတ်ပြန်

NUG သည် ရိုဟင်ဂျာပြည်သူများ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုရန် အခြေအနေများ ဖန်တီးခြင်း၊ တရားမျှတမှုနှင့် တာဝန်ယူမှု တည်ဆောက်ခြင်း၊ ဥပဒေအရနှင့် လက်တွေ့အရ တန်းတူညီမျှမှု ပေးနိုင်ရန်ကြိုးပမ်းခြင်း တို့ကို လုပ်ဆောင်နေကြောင်းပြောသည်။

ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပုန်းရှောင်နေစဉ်၊ ဓာတ်ပုံ - အေအက်ပီ
ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပုန်းရှောင်နေစဉ်၊ ဓာတ်ပုံ - အေအက်ပီ

▪️ရိုဟင်ဂျာလူမျိုးသတ်ဖြတ်ခံရခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ဝမ်းနည်းကြောင်းပြော

ရိုဟင်ဂျာပြည်သူများနှင့် အခြား လူမျိုးစုများကို နှစ်ပေါင်းများစွာ ဖယ်ကျဉ် ခွဲခြားဆက်ဆံခဲ့စေသော လုပ်ရပ်များကြောင့် ပိုမိုဆိုးရွားသော ရက်စက် ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်လာရခြင်းဖြစ်ကြောင်း NUG က ယနေ့ ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်က ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇဝတ်မှုများ၏ ပဉ္စမနှစ်ပတ်လည်နေ့ ကို ဝမ်းနည်းစွာဖြင့် အထိမ်းအမှတ်ပြုပြီး ယနေ့ကြေညာချက်၌ ရိုဟင်ဂျာပြည်သူများနှင့် အခြား လူမျိုးစုများကို နှစ်ပေါင်းများစွာ ဖယ်ကျဉ် ခွဲခြားဆက်ဆံခဲ့စေသော မူဝါဒများ ၊ အလေ့အကျင့်များ နှင့် ပြုမှုပြောဆိုမှုများ၊ လုပ်ရပ်များ တည်ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပိုမို ဆိုးရွားသော ရက်စက် ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်လာရခြင်းဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရမှ အလွန်ရှက်ရွံ့စွာဖြင့် အသိအမှတ် ပြုလိုကြောင်း ဖော်ပြသည်။

NUG သည် ရိုဟင်ဂျာပြည်သူများ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုရန် အခြေအနေများ ဖန်တီးခြင်း၊ တရားမျှတမှုနှင့် တာဝန်ယူမှု တည်ဆောက်ခြင်း၊ ဥပဒေအရနှင့် လက်တွေ့အရ တန်းတူညီမျှမှု ပေးနိုင်ရန်ကြိုးပမ်းခြင်း တို့ကို လုပ်ဆောင်နေကြောင်းပြောသည်။

သမိုင်းတလျှောက် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်စီရင်ခြင်းမခံခဲ့ရခြင်းက မြန်မာစစ်တပ်ကို နိုင်ငံအနှံ့ ရာဇဝတ်မှုများကို ဆက်လက် ဦးဆောင် ကျူးလွန် စေခဲ့ပြီး ယခင်က ပစ်မှတ်ထားခံရသူလူနည်းစုမှ ယခုဆိုလျှင် နိုင်ငံတဝှန်းရှိ လူအများစုသို့ ဦးတည် ကျူးလွန်ဆောင်ရွက်လာပြီ ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်၍ NUG သည် အပြည်ပြည်ဆိုင်ရာ တရားရုံး ၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး နှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုအခွင့်အာဏာ နှင့်အတူ ရိုဟင်ဂျာများ တရားမျှတမှု ရရှိနိုင်ရန် နှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန် သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ရန် အစဉ်တစ်စိုက် ကြိုးပမ်း လုပ်ဆောင်နေသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံသား အခွင့်အရေးများ ၊ ခွဲခြားဆက်ဆံမှု မရှိခြင်း ၊ တန်းတူ ညီမျှမှုရရှိခြင်း၊ အမုန်းစကားများကို တိုက်ဖျက်ခြင်း စသည်တို့ကို ဦးစားပေးသည့် ကျယ်ပြန့်သော ဥပဒေ နှင့် မူဝါဒ ပြုပြင် ပြောင်းလဲမှုများကို ရိုဟင်ဂျာနှင့် အခြားလူနည်းစု အဖွဲ့အစည်းများ နှင့် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်နေသည်ဟု NUG က ဆိုသည်။

အထက်ပါလုပ်ရပ်များ လုပ်ဆောင်ရာတွင် အတားအဆီးများစွာ ရင်ဆိုင်နေရပြီး ယင်းတို့ကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရန်မှာ ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲမှု ၊ ရက်စက် ကြမ်းကြုတ်မှုများ အဆုံးသတ်နိုင်မှု နှင့် အကြမ်းဖက် စစ်တပ်အား အနိုင်ယူနိုင်မှုတို့ အပေါ် မူတည်နေကြောင်း NUG က ထုတ်ပြန်သည်။

သို့သော် အဆုံးသတ်တွင် ပြည်သူများက မလွဲမသွေ အောင်မြင်မည်မှာ သေချာပြီး အထက်ပါကတိကဝတ်များသည် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ညီမျှမှု၊ လူ့အခွင့်အရေးနှင့် လူနည်းစုများအား ကာကွယ်ရေးတို့အပေါ် အခြေခံတည်ဆောက်ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်း နှင့်အညီ ပေါ်ထွက်လာမည့် နိုင်ငံတော်သစ်၏အနာဂတ်အတွက် အဓိကအခြေခံဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ ဆောင်ကြဉ်းပေးနိုင်ရန် NUG ​၏ ကြိုးပမ်းမှုများတွင် ပါဝင်ပြီး လက်တွေ့ကျသော ထောက်ပံ့မှုများ ပေးရန် နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook