Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာ့အခြေအနေ ဘက်စုံဆိုးရွားလာနေကြောင်း ကုလထုတ်ပြန်

ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းခန့်သည် နေရပ်ပြန်ရေးအလားအလာမရှိဘဲ ဘင်္ဂလားဒေ့ရှ်ရှိ ယာယီစခန်းများ၌ ဆက်လက်ရှိနေပြီး ရိုဟင်ဂျာ တစ်သိန်းခွဲကျော်သည်လည်း ရခိုင်ပြည်နယ်ရှိ စခန်းများ၌ ကန့်သတ်ပိတ်လှောင်ခံထားရကြောင်း ထုတ်ပြန် သည်။

(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ် လာ၍ စစ်ဘေးရှောင်နေရသော ဒေသခံပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ် လာ၍ စစ်ဘေးရှောင်နေရသော ဒေသခံပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေသည် ဆိုးရွားလာနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ယနေ့ထုတ်ပြန်သည်။

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု (၅)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာ့အကျပ်အတည်းကို ကျယ်ပြန့် သော၊ ရေရှည်ခံသော၊ အားလုံးပါဝင်သော အဖြေရှာဖွေရေး အရေးကြီးကြောင်း ကုလသမဂ္ဂက တိုက်တွန်းသည်။

ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းခန့်သည် နေရပ်ပြန်ရေးအလားအလာမရှိဘဲ ဘင်္ဂလားဒေ့ရှ်ရှိ ယာယီစခန်းများ၌ ဆက်လက်ရှိနေပြီး ရိုဟင်ဂျာ တစ်သိန်းခွဲကျော်သည်လည်း ရခိုင်ပြည်နယ်ရှိ စခန်းများ၌ ကန့်သတ်ပိတ်လှောင်ခံထားရကြောင်း ထုတ်ပြန် သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်သူမှန်သမျှသည် အရေးယူအပြစ်ပေးခံရ မည်ဖြစ်ပြီး နစ်နာသူများအတွက် တရားမျှတမှုသည် ရေရှည်ခံသော၊ အားလုံးပါဝင်သော တိုင်းပြည်နှင့် ပြည်သူများ၏အနာဂတ်အတွက် အကျိုးဖြစ်ထွန်းမည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။