Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာ့အခြေအနေ ဘက်စုံဆိုးရွားလာနေကြောင်း ကုလထုတ်ပြန်

ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းခန့်သည် နေရပ်ပြန်ရေးအလားအလာမရှိဘဲ ဘင်္ဂလားဒေ့ရှ်ရှိ ယာယီစခန်းများ၌ ဆက်လက်ရှိနေပြီး ရိုဟင်ဂျာ တစ်သိန်းခွဲကျော်သည်လည်း ရခိုင်ပြည်နယ်ရှိ စခန်းများ၌ ကန့်သတ်ပိတ်လှောင်ခံထားရကြောင်း ထုတ်ပြန် သည်။

(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ် လာ၍ စစ်ဘေးရှောင်နေရသော ဒေသခံပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ် လာ၍ စစ်ဘေးရှောင်နေရသော ဒေသခံပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေသည် ဆိုးရွားလာနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ယနေ့ထုတ်ပြန်သည်။

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု (၅)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာ့အကျပ်အတည်းကို ကျယ်ပြန့် သော၊ ရေရှည်ခံသော၊ အားလုံးပါဝင်သော အဖြေရှာဖွေရေး အရေးကြီးကြောင်း ကုလသမဂ္ဂက တိုက်တွန်းသည်။

ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းခန့်သည် နေရပ်ပြန်ရေးအလားအလာမရှိဘဲ ဘင်္ဂလားဒေ့ရှ်ရှိ ယာယီစခန်းများ၌ ဆက်လက်ရှိနေပြီး ရိုဟင်ဂျာ တစ်သိန်းခွဲကျော်သည်လည်း ရခိုင်ပြည်နယ်ရှိ စခန်းများ၌ ကန့်သတ်ပိတ်လှောင်ခံထားရကြောင်း ထုတ်ပြန် သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်သူမှန်သမျှသည် အရေးယူအပြစ်ပေးခံရ မည်ဖြစ်ပြီး နစ်နာသူများအတွက် တရားမျှတမှုသည် ရေရှည်ခံသော၊ အားလုံးပါဝင်သော တိုင်းပြည်နှင့် ပြည်သူများ၏အနာဂတ်အတွက် အကျိုးဖြစ်ထွန်းမည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။