Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ တံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိဟု​ဒေသခံများ​ပြော

ယနေ့နံနက် ၁၀ နာရီခွဲတွင် ရေးမြို့အဝင်နားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သောတံတားကြီးစစ်ဆေးရေးဂိတ်အား​​ရေးဘီလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

(​ရေးဘီလူး တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-Ye ဘီလူး)
(​ရေးဘီလူး တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-Ye ဘီလူး)

မွန်ပြည်နယ် ရေးမြို့အဝင်မှတံတားကြီးစစ်ဆေးရေးဂိတ်ကို ယနေ့(သြဂုတ် ၂၅)နံနက်ပိုင်းကတိုက်ခိုက်ခဲ့ကြောင်း Ye ဘီလူးအဖွဲ့ကထုတ်ပြန်သည်။

ယနေ့နံနက် ၁၀ နာရီခွဲတွင် ရေးမြို့အဝင်နားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သောတံတားကြီးစစ်ဆေးရေးဂိတ်အား​​ရေးဘီလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

အထက်ပါပစ်တ်ခတ်တိုက်ခိုက်မှုတွင် စစ်ဆေးရေးဂိတ်တွင်ရှိနေသော စစ်ကောင်စီတပ်သား ကိုးဦးထိခိုက်သေဆုံး​ကြောင်းဒေသခံများကပြောဆိုကြသော်လည်း People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement
Public Service Announcement

စစ်ဆေးရေးဂိတ်အား သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီးပြန်လာ​သောYe ဘီလူးအဖွဲ့က ထုတ်ပြန်ထားသော ရုပ်သံမှတ် တမ်းအရ တံတားကြီးစစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ်ခဲ့သည့်အပြင် ယင်းဂိတ်၌ချိတ်ဆွဲထားသော အလံကိုပါဖြုတ်ယူသိမ်းဆည်းခဲ့ကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရေးမြို့နယ်အခြေစိုက် Ye ဘီလူးတပ်ဖွဲ့သည့် သြဂုတ် ၃ ရက်ကလည်း ရေးမြို့နယ် လဝကရုံးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးစီးမှူးအပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook