Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့ သံဖိုရွာကို ချီတက်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တစ်ဦးသေ

“အခုတော့ ရွာထဲမှ တယောက်မှ မရှိတော့ဘူး။ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ မပတ်ထုနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲကို အာဏာသိမ်းစစ်တပ်က ဖြိုခွင်းရန် ပြင်ဆင်နေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲကို အာဏာသိမ်းစစ်တပ်က ဖြိုခွင်းရန် ပြင်ဆင်နေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းတွင် သံဖိုကျေးရွာကို ချီတက်လာသည့် စစ်ကောင်စီတပ် ဒေသခံကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်း CDF(KKG)က သတင်းထုတ်ပြန်သည်။

ရန်ကြီးအောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သံဖိုရွာကျေးကို ဩဂုတ် ၂၃ရက်က ချီတက်လာစဉ် CDF(KKG)ကင်းတပ်ဖွဲ့နှင့်တိုး၍ ယခုလိုပစ်ခံရခြင်းဖြစ်သည်။

နှစ်ပွင့်ဗိုလ်တစ်ဦး သေဆုံးခြင်းဖြစ်သည့်ဟု ဒေသခံများနှင့်စစ်တပ်အသိုင်းအဝိုင်းပြောဆိုကြသော်လည်း CDF(KKG)က အတည်မပြုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၂၄ ရက်က ရန်ကြီးအောင်ရွာကို ရဟတ်ယာဉ်ဖြင့်တပ်သား ၁၅ ဦးခန့်ပို့ဆောင်ခဲ့ပြီး အင်အားဖြည့်တင်းနေသည်ဟုလည်း CDF(KKG)က အသိ‌ပေးသည်။

Public Service Announcement

Public Service Announcement

ထိုပြင် ယနေ့နံနက်တွင်လည်း သံဖိုရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုတော့ ရွာထဲမှ တယောက်မှ မရှိတော့ဘူး။ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ မပတ်ထုနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား သံဖိုရွာအနီးတွင် ဩဂုတ် ၂၂ ရက်ကတည်းပင် တိုက်ပွဲဖြစ်ပွားနေပြီး ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။