Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့မှ ပျူစောထီးဟုဆိုသူ မြို့ခံ(၁၀)ဦး၏ အမည်စာရင်းများထုတ်ပြန်ပြီး မြိတ်(ပကဖ)သတိပေး

မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မြိတ်မြိတ်နယ်၊ ကျွန်းစုမြို့နယ်များမှ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပျူစောထီးနှင့် သတင်းပေးဒလန်ဟုဆိုသူများ၏ စာရင်းများကို ရရှိထားပြီးဖြစ်ပြီး စစ်ကောင်စီနှင့်မပူးပေါင်းရန် သတိပေးထားခြင်းအား လိုက်နာခြင်းမရှိပါက လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

မြိတ်မြို့မှ ပျူစောထီးဟုဆိုသူ မြို့ခံ(၁၀)ဦး၏ အမည်စာရင်းများထုတ်ပြန်ပြီး မြိတ်(ပကဖ)သတိပေး
မြိတ်မြို့မှ ပျူစောထီးဟုဆိုသူ မြို့ခံ(၁၀)ဦး၏ အမည်စာရင်းများထုတ်ပြန်ပြီး မြိတ်(ပကဖ)သတိပေး

တနင်္သာရီတိုင်း မြိတ်မြို့ပေါ်မှ ပျူစောထီးဟုဆိုသူ (၁၀)ဦး၏ အမည်စာရင်းများထုတ်ပြန်ပြီး ၎င်းတို့မိသားစုဆွေမျိုး သားချင်းအမည်စာရင်းများနှင့် နေရပ်လိပ်စာများပါရရှိထားကြောင်း မြိုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ယနေ့(သြဂုတ် ၂၅) ထုတ်ပြန်လိုက်သည်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သတိပေးတားမြစ်နေသည်ကို လိုက်နာခြင်းမရှိဘဲ ထင်ရာစိုင်းရမ်း ကားနေသည်ဟုဆိုသော ပျူစောထီးဟုဆိုသူ(၁၀)ဦးမှာ မြိတ်တောင်ရွာမှ ဦးစိုးသိန်း၊ ဦးညီညီထွေး၊ ဦးဝင်းလှိုင်၊ ကလွင်ရွာမှ ဦးဇော်နိုင်(ခ)နောင်တိုး၊ ဦးကျော်ဆန်းဝင်း၊ ရေပုန်းနယ်မြေမှ ဦးနေဝင်းထွန်း၊ ဦးကျော်ရှိန်၊ ဦးမောင်ဦးနှင့် ဦးမြတ်သူတို့ဖြစ်သည်ဟု ဆိုသည်။

“အခု စာရင်းထဲပါတဲ့သူတွေက မြိတ်မှာအတော် ဆိုးရွားတဲ့သူတွေလို့ပြောလို့ရပါတယ်။ စကစရဲ့ပျူသင်တန်းမတိုင်ခင်ကတည်းက ရပ်ကွက်ပြည်သူကိုမတရားခြိမ်း ခြောက်အကြပ်ကိုင်တဲ့အပိုင်းတွေရှိတယ်။ တစ်ချို့ကလည်း မီးသတ်တွေ ရဲနောက်လိုက်(ရဲသတင်း)ပေးသူတွေပါ”ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် အထက်ပါစာရင်းပါ ပျူစောထီးဟုဆိုသူများအား စစ်ကောင်စီက လက်နက်များထုတ်ပေးထားချိန်မတိုက်မီထဲက တုတ်၊ ဓားလက်နက်များကိုင်ဆောင်၍ ဧည့်စာရင်းစစ်ရာတွင် လိုက်ပါကာ နေအိမ်တံခါးဖွင့်မပေးလျှင် ရိုက်ချိုးဖျက်ဆီးခြင်း၊ ငွေးညှစ်တောင်းယူခြင်းများ လုပ်ဆောင်နေသူများဖြစ်ကြောင်း ၎င်းရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မြိတ်မြိတ်နယ်၊ ကျွန်းစုမြို့နယ်များမှ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပျူစောထီးနှင့် သတင်းပေးဒလန်ဟုဆိုသူများ၏ စာရင်းများကို ရရှိထားပြီးဖြစ်ပြီး စစ်ကောင်စီနှင့်မပူးပေါင်းရန် သတိပေးထားခြင်းအား လိုက်နာခြင်းမရှိပါက လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။