Hi, what are you looking for?
မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေဟာ ပြည်သူတွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ဒေသခံပြည်သူတွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။