Connect with us

Hi, what are you looking for?

သတင်း

နေပြည်​တော်က လေတပ်ဗိုလ်မှူးကြီးတဦး မူးယစ်​ဆေးဝါးရောင်းဝယ်၊သုံးစွဲမှုနဲ့ဖမ်းဆီးခံရ

နေပြည်တော်၊စစ်ရုံးချုပ်မှာတာဝန်ကျနေတဲ့ လေတပ်ဗိုလ်မှူးကြီးတဦး မူးယစ်ဆေးဝါး ရောင်းဝယ်‌ဖောက်ကားမှုနဲ့ အမှုရင်ဆိုင်နေရပြီးနောက် စစ်အုပ်စုထိန်းချုပ်ရာမြို့ ​တွေမှာ နေပြည်တော်က တိုက်ရိုက်ဆင်းကာ မူးယစ်မှု​တွေကိုဖမ်းဆီးတာ​တွေလုပ်လာတယ်လို့ နေပြည်တော် စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။

(စစ်တပ်ရဲ့​လေတပ်နှစ်ပါတ်လည်အခမ်းအနားလုပ်​နေစဥ်(ပုံအ​ဟောင်းဖြစ်ပါတယ်)။ ဓါတ်ပုံ-CINCDS)

နိုဝင်ဘာ-၁၂၊၂၀၂၆။နေ့သစ်/People’s Spring

နေပြည်တော်၊စစ်ရုံးချုပ်မှာတာဝန်ကျနေတဲ့ လေတပ်ဗိုလ်မှူးကြီးတဦး မူးယစ်ဆေးဝါး ရောင်းဝယ်‌ဖောက်ကားမှုနဲ့ အမှုရင်ဆိုင်နေရပြီးနောက် စစ်အုပ်စုထိန်းချုပ်ရာမြို့ ​တွေမှာ နေပြည်တော်က တိုက်ရိုက်ဆင်းကာ မူးယစ်မှု​တွေကိုဖမ်းဆီးတာ​တွေလုပ်လာတယ်လို့ နေပြည်တော် စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ နေပြည်တော်၊စစ်ရုံးချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့လေတပ်က ဗိုလ်မှူးကြီးတဦးကို မူးယစ် ဆေးသုံးစွဲမှု၊လက်ဝယ်တွေ့ရှိမှု၊ရောင်းဝယ်ဖောက်ကားမှု တွေနဲ့ ဖမ်းဆီးထားတယ်လို့ စုံစမ်းသိရပါတယ်။

အဲဒီနောက်နေပြည်တော်က KTVတချို့လည်းဝင် ရောက်စစ် ဆေးခံရပြီး ရန်ကုန်၊မန္တလေးအပါအဝင် မြို့ကြီးတချို့က KTV တွေ၊ကလပ်​တွေ ၊ဟိုင်းခန်း​တွေကိုပါဝင်ရောက်စစ်ဆေးတာ​တွေပိုလုပ်​နေပါတယ်။

Public Service Announcement

Public Service Announcement

“မန္တလေးမှာ နေပြည်တော်ကဝင်ဖမ်းတာ။အဆက်အသွယ်မရှိရင် ငွေနဲ့ညှိလည်းမရဘူး။အသိတ‌ယောက်လည်း သူငယ်ချင်း မွေးနေ့ဖိတ်လို့သွားတာ။ဒီအတိုင်းပါသွားတယ်။ညှိမရဘူး”လို့ ‌‌ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

​လေတပ်က အထက်ပါ ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက်ဆက်တွဲ​တွေအဖြစ် မိတ္ထီလာ လေတပ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗိုလ်မှူးတဦး နဲ့ ဗိုလ်ကြီးအချို့ကို မန္တလေးမြို့က Maxius KTVမှာ ဖမ်းဆီးခံရပါတယ်။ဒါပေမယ့် အဖမ်းခံရတဲ့ဗိုလ်မှူးကိုကျပ်သိန်း၁၅၀၀ နဲ့ ကျန်ဗိုလ်ကြီး တွေကို ကျပ်သိန်း၃၀၀ က​နေ ၅၀၀ ကြားနဲ့ညှိုနှိုင်းထားတယ်လို့ ဖြစ်စဥ်ကိုသိတဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဒါ့အပြင်မူးယစ်ဆေးဝါးနဲ့သုံးစွဲသူတွေကိုပါဖမ်းမိခဲ့တဲ့ Maxius KTVနဲ့ ကလပ်ကိုလည်း စစ်အုပ်စုက ပိတ်တာမရှိဘဲ ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ခွင့်ပြုထားပါတယ်။

အခုလိုဖမ်းဆီး​မှု အချို့ရှိ​ပေမယ့် ဟိုင်းခန်းလို့ ခေါ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲ ပျော်ပါးတဲ့အခန်း‌တွေ ပပျောက်သွားတာ မဟုတ်ဘဲ စစ်တပ် ရာထူးကြီးသူ​တွေနဲ့နီးစပ်သူအများစုက​တော့အဲဒီနေရာတွေကိုဆက်သွားနိုင်​နေကြဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

Facebook