Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းတိုက်ပွဲစစ်တပ်ရဲ့ လက်နက်ခဲယမ်းအများအပြား AA သိမ်းဆည်းရ

ရခိုင်ပြည်နယ်ဝင်ပေါက်မကွေးတိုင်း၊မင်းတုန်းမြို့နယ် သဖန်ရောင်၊ ကံကြိုးရွာအနီးဝန်းကျင်တွေမှာ အာဏာသိမ်း စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲရက်ဆက်ဖြစ်ပွားပြီး အခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့လက်နက်၊ ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

(မင်းတုန်းတိုက်ပွဲအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက AA ကသိမ်းဆည်းရခဲ့တဲ့ စစ်တပ်ရဲ့လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ။ ဓါတ်ပုံ -AA Info Desk)

နိုဝင်ဘာ-၁၃၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်ဝင်ပေါက်မကွေးတိုင်း၊မင်းတုန်းမြို့နယ် သဖန်ရောင်၊ ကံကြိုးရွာအနီးဝန်းကျင်တွေမှာ အာဏာသိမ်း စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲရက်ဆက်ဖြစ်ပွားပြီး အခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့လက်နက်၊ ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

မင်းတုန်းမြို့နယ်၊သဖန်ရောင်ကနေအနီးဝန်းကျင်ဆီ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို AA က ကြားဖြတ်တိုက် ခိုက်ရာ ကံကြိုးရွာအနီးတိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာခဲ့တာလို့ ဆိုပါတယ်။

“ဒီရက်ပိုင်းထဲ လက်နက် ၃၀ ကျော်လောက်ရလိုက်တယ်။ကံကြိုးနားတိုက်ပွဲကပဲ ရတာ။ အောက်ဘက် ဆင်းပြေး ကြတယ်။ ကိုယ့်ဘက်ကတော့ လိုက်တိုက်နေကြပါတယ်” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက လူထုနွေဦး ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်သားအလောင်းအချို့ကိုလည်းရခဲ့တယ်လို့သူကဆိုပါတယ်။စစ်တပ်ဟာမင်းတုန်းမြို့နယ်ကနေရခိုင်ရိုးမကိုကျော်ပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်ဆီ သစ်ထုတ်လမ်းအတိုင်း ထိုးစစ်ဆင်ဖို့ ကြိုးစားနေ တာဖြစ်ကာ AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာအတွင်းကလည်း မင်းတုန်းမြို့နယ် သဖန်ရောင်နဲ့ ကံကြိုးရွာအနီး ဝန်းကျင်တိုက်ပွဲအတွင်း AA က စစ်တပ်အလောင်း၊ လက်နက်ခဲယမ်းဆယ်ချီ သိမ်းဆည်းရမိခဲ့ပြီး အရှင်ဖမ်းဆီးရမိ တာတွေလည်း ရှိခဲ့ပါတယ်။

အဲဒီလို တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ မကွေးတိုင်းအခြေစိုက်တပ်ရင်းတွေဆီကနေ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေပြီး ပြီးခဲ့တဲ့ တပတ်လောက်ကလည်း သဖန်ရောင်ဝန်းကျင်ရှေ့တန်းစခန်းတွေဆီ အင် အား ၅၀၀ ဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ထန်းပင်ကုန်း/သဖန်ရောင် အပြင်ဘက် ဒီဘက် ဦးကံဝါနေရာတွေထိ စစ်ကြောင်းထိုင်ထားတယ်။ တိုက်ပွဲ ဆက်ရှိ နေတယ်” လို့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ်ဟာ မင်းတုန်းတိုက်ပွဲအတွင်း ဂျိုင်ရိုကော်ပ တာနဲ့ ဒရုန်းတွေကို ပိုသုံးလာတယ်လို့လည်း ဆိုပါတယ်။မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေလည်း မကြာခဏရှိနေပြီး အနီးဝန်း ကျင်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသလို ကုန်စည်သယ်ယူရေးလမ်းကြောင်း လည်း ပိတ်နေပါတယ်။

“အဲဒီမှာ စစ်ကြောင်းထိုင်ထားတယ်။ အရင်လို ကုန်စည်စီးဆင်းဖို့ မလွယ်တော့ဘူး” လို့ မင်းတုန်း – ရခိုင် ကုန်သွယ် နေခဲ့တဲ့ ကုန်သည်တဦးက ပြောပါတယ်။

စစ်တပ်ဟာ မင်းတုန်းမြို့နယ် သဖန်ရောင်ကနေတဆင့် မင်းတုန်း – မအီ ရိုးမလမ်းအတိုင်း ရခိုင်ပြည်နယ်ဘက်ဆီ ထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးစားနေတာဖြစ်ပြီး လက်တွေ့မှာတော့ စစ်တပ်က သူတို့စခန်းတွေကိုပဲ လက်လွှတ်နေရတာဖြစ်ပါတယ်။

အလားတူပဲ AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ ကြိုးစားတဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း မြို့နယ် နတ်ရေကန်စစ်မျက်နှာ၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်နဲ့ ချင်းပြည်နယ်ကျင်ဒွေးတို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ရှိနေပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်ဝင်ပေါက်နေရာတွေအပြင် ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့ကနေလည်း AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့ပေမယ့် မြေပြင်မှာတော့ ခံစစ်ဖြစ်​နေပါတယ် ။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လကျော်အတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ် တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီလိုတပ်စခန်းတွေလက်လွှတ်၊အထိနာနေတဲ့ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်လာ နေပါတယ်။

ဆက်စပ်သတင်းများ

Facebook