Connect with us

Hi, what are you looking for?

သတင်း

အထူးတိုင်းစစ်ဌာန စစ်ရေးဖော်ဆောင်ဖို့ ရန်ပုံငွေရှာတဲ့ ကမ်ပိန်း သတ်မှတ်ပမာဏ ကျပ်သိန်း ၅၀၀၀ ထက်ကျော်ရရှိ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးတိုင်းစစ်ဌာန ရဲ့ စစ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ ရှာဖွေတဲ့ ဝိုင်းချစ်မယ့်တိုင်းစစ် ကမ်ပိန်းဟာ သတ်မှတ်ထားတဲ့ ကျပ်သိန်း ၅၀၀၀ ထက်ကျော်လွန်ရရှိခဲ့တယ်လို့ အထူးတိုင်းစစ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးတိုင်းစစ်ဌာန ရဲ့ စစ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ ရှာဖွေတဲ့ ဝိုင်းချစ်မယ့်တိုင်းစစ် ကမ်ပိန်းဟာ သတ်မှတ်ထားတဲ့ ကျပ်သိန်း ၅၀၀၀ ထက်ကျော်လွန်ရရှိခဲ့တယ်လို့ အထူးတိုင်းစစ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီကမ်ပိန်းကို စက်တင်ဘာကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကန်ပိန်းစတင်ကတည်းက တိုင်းစစ်ဌာနတပ်စခန်းကို ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြုံရသလို လက်ရှိကာလမှာလည်း စစ်တပ်က တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးနယ်မြေကို ထိုးစစ်ဆင်နေကြောင်း နိုဝင်ဘာ ၁၂ရက်ညပိုင်းက ပြုလုပ်တဲ့ ကမ်ပိန်းပိတ်ပွဲမှာ တိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

ဒီလို အခြေအနေတွေ ကြုံနေရပေမဲ့ ကမ်ပိန်း ရည်မှန်းချက် ပြည့်မီတဲ့အပြင် ကျော်လွန်ရရှိခဲ့ကြောင်း အထူးတိုင်းစစ်ဌာန စစ်ရေးအရာရှိ ရဲဘော်တိုးကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုင်းစစ်ဌာနရဲဘော်တစ်ဦးဖြစ်တဲ့ ကဗျာဆရာသင့်သူ ကလည်း “ကျနော်တို့ ကမ်ပိန်းစပြီဆိုတာနဲ့ မြေပြင်မှာ စကစရဲ့ တားဂတ်ထားပြီး တိုက်ခိုက်တာခံရတယ်။..။ ကျနော်တို့ စိတ်ဓာတ်မကျဘဲနဲ့ အကောင်းဆုံးစုစည်းပြီးတော့ ဆက်ပြီးတော့ ရုန်းကြတယ်ပေါ့နော်။ အမှတ်တရအနေနဲ့ဆို စကတည်းက ဒီဟာက စကစနဲ့ ထိပ်တိုက်တိုးတာ မြေပြင်မှာ။ အခုကမ်ပိန်း ပိတ်တော့လည်း မြေပြင်မှာ စကစနဲ့ ထိပ်တိုက်ကျုံးနေတဲ့အချိန်” လို့ ပြောပါတယ်။

အဲဒီလို အမှတ်တရတွေနဲ့အတူ ဒီကန်ပိန်းကို ဝိုင်းကူပေးတဲ့ အနုပညာရှင်တွေအတက်ပညာရှင်တွေ အသိပညာရှင်တွေကို ကျေးဇူးတင်ကြောင်း ၊ နည်းမျိုးစုံနဲ့ ပါဝင်ပေးတဲ့ ပြည်သူတယောက်ချင်းစီကို ကျေးဇူးတင်ကြောင်းလည်း ကိုသင့်သူက ပြောပါတယ်။ ကမ်ပိန်း နောက်ဆုံးနေ့အထိ လာကူပေးကြသူတွေလည်းရှိတယ်လို့ အသိပေးပါတယ်။

ရဲဘော်တိုးကြီးကလည်း ကမ်ပိန်းက ရတဲ့ ရန်ပုံငွေအားလုံးကို စစ်ဆင်ရေးအတွက် အပြည့်အ၀ အသုံးပြုသွားမယ်လို့ အသိပေးပါတယ်။

“ဒါတွေကြောင့်မို့လို့လည်း ရန်သူဘက်က နေ ကျနော်တို့ ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်ခင်မှာ လက်ဦးမှုရအောင် သူတို့ကဘက်က ကြိုးစားတဲ့သဘောမျိုးအနေနဲ့ ကျနော်တို့ကို စစ်ဦးချိုးတဲ့ သဘောမျိုး ဒါမျိုးလုပ်တယ်လို့ပဲ ယူဆရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်က မအောင်မြင်ခဲ့ဘူး” လို့ ရဲဘော်တိုးကြီးက ပြောကြားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း သတ်မှတ်ထားတာထက် ကျော်လွန်ရရှိတာဟာ ပြည်သူလူထုထည့်ဝင်ပံ့ပိုးမှု၊ လူထုထောက်ခံမှု ကို မြင်ရမှာ ဖြစ်သလို လူထုဟာ လက်ရှိအချိန်ထိ တော်လှန်ရေးကို တစိုက်မတ်မတ် ကိုယ်ထိလက်ရောက် ပါဝင်နေတာတွေ့ရကြောင်း ပြောပြပါတယ်။

ဒါ့အပြင် ဒါဟာ တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပြီး ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဆက်စပ်သတင်းများ