နိုဝင်ဘာ ၁၂၊ ၂၀၂၆။ဟာနာဆန်၊ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်က တပ်ကြပ် ၁ ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်မှာ ခင်ဦးမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှာ တပ်စွဲ နေတဲ့ တပ်မ(၃၃) လက်အောက်ခံ၊ ခမရ(၁၁)တပ်ရင်းက တပ်ကြပ် ၁ ဦးဟာ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ဆက်သွယ်အလင်းဝင်လာကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။
၎င်းတပ်ကြပ်ဟာ သူကိုင်ဆောင်တဲ့ MA-1 လက်နက်နဲ့အတူ ကျည် ခဲယမ်းတွေပါ ယူဆောင်အပ်နှံခဲ့ပြီး ပြည်သူ့ဘက်တော်သားအဖြစ် ခံယူကာ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
“မြို့ပေါ်မှာ လုံခြုံရေးအတွက် လုံလောက်တဲ့ ပံ့ပိုးမှုတွေ မရတဲ့အပြင် အထက်အောက်စည်းကမ်းအာဏာပြင်းကြတယ်။သူတို့ကိုယ်တိုင် ဈေးဝယ်တောင် အဖွဲ့လိုက်မှ ထွက်နေရတဲ့ အနေအထားတွေ ကြောင့်ပဲလို့ ထင်ပါတယ်။ ဖုန်းဆိုတာ တပ်ကြပ် အဆင့်လောက်မှ ပေးကိုင်ထားတယ် ပြောတာပဲ”လို့ ခင်ဦးမြို့နယ်က ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီအလင်းဝင်ရောက်လာမှုကို ခင်ဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ၊ ဒုတာဝန်ခံ ပြည်သူ့ရေးရာနှင့် စစ်ရေးတာဝန်ခံတို့ကနေ အလင်းဝင် တပ်ကြပ်အား တွေ့ဆုံပြီး လက်နက်အပ်နှံမှုကို လက်ခံခဲ့ကြောင်း ခင်ဦးပကဖအဖွဲ့ထံကနေ သိရပါတယ်။ ဆုချီးမြှင့်မယ့်အစီအစဥ်ကိုလည်း စီစဥ်နေတယ်လို့ သိရပါတယ်။
ခင်ဦးမြို့က ရဲစခန်း၊မြို့လည်ခေါင်က မင်းသိုက်တိုက်၊ဆေးရုံနဲ့စာသင် ကျောင်းတို့မှာ စစ်တပ်က တော်လှန်ရေးအစမှာကတည်းက တပ်စွဲထားတာလို့ သိရပါတယ်။
အဲဒီတပ်တွေဟာ တပ်မ(၃၃)လက်အောက်ခံတပ်တွေဖြစ်ပြီး အချိန်းအပြောင်းပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်သာမြို့နယ်မှာလည်း ရဲ ၁ဦးနဲ့သီတာယုမွန်လက် အောက်ခံ ပျူစောထီး ၂ဦး တော်လှန်ရေးတပ်ဖွဲ့ထံပူး ပေါင်းခဲ့ပါသေးတယ်။
ယခုနိုဝင်ဘာအတွင်းမှာ မန္တလေးတိုင်းက မြင်းခြံ၊ တောင်သာ၊ ကချင်ပြည်နယ် မိုးညှင်း၊ ချင်းပြည်နယ် တီးတိန်မြို့နယ်တွေမှာ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးတွေ အလင်းဝင်တာတွေရှိနေကြောင်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။





















































