သတင်း ကော်ဘရာစစ်ကြောင်း၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ထုတ်ပြန် မြ၀တီမြို့နယ် ဖလူးဒေသရှိ စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်မှ ၉ရက်အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ - ဝေါ်လေ ကားလမ်းမတစ်လျောက်အား ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း KNU တပ်မဟာ ၁ နယ်မြေထဲ ခြောက်လတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံး တပ်မဟာ ၁ နယ်မြေ ဒူးသထူ( သထုံ) ခရိုင် ထဲမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၄၄၅ ဦးသေဆုံးကာ ၃၂၂ ဦး ဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ပြင်ဦးလွင်ခရိုင် PDFလေးဖွဲ့ မဟာမိတ်အဖြစ်ဖွဲ့စည်း၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ ပူးပေါင်းတိုက်ခိုက်မည်ဟုဆို ၎င်းတို့ မဟာမိတ်လေးဖွဲ့အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့လိုအပ်သည့်အကူအညီများပေးကာ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ယင်းမဟာမိတ်လေးဖွဲ့က ကတိပြုထားသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း မြဝတီ−ဝေါ်လေ လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ Cobra စစ်ကြောင်းသုံးသပ် အခုလို စစ်ကောင်စီတပ်က မြဝတီ-ဝေါ်လေ ကားလမ်းတလျှောက်မှာ တပ်အင်အားတွေတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားလာတာဟာ နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက်ဖြစ်တယ်လို့ ယူဆရလို့ရကြောင်း Cobra စစ်ကြောင်းက သုံးသပ်ထားပါတယ်။ LuduNwayOoဇူလိုင် 9, 2022
သတင်း စစ်တပ်တာဝန်ရှိသူအားလုံးကို အရေးယူရန်နှင့် ICCသို့ လွှဲပြောင်းရန် ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် NUG ထောက်ခံကြိုဆို မြန်မာစစ်တပ်သည် ‘အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်’ ရရှိနေပြီး ယင်းအချက်က စစ်အုပ်စုကို နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ခွင့်ပြုပေးနေသည်ဟု NUG က ထောက်ပြသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း KNU နယ်မြေများ၌ ၆လအတွင်း တိုက်ပွဲ ၂,၆၀၀ဖြစ်၊ တပ်မဟာ(၁)နယ်မြေ၌ တိုက်ပွဲ ၂၀၀ ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅၀ခန့်သေ KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် သထုံ၊ ဘီးလင်း၊ဘားအံ(ဖားအံ)၊ ကျိုက်ထို မြို့နယ်များ ပါဝင်သည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်မိုင်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း၊ ထိခိုက်မိသည့် အကြမ်းဖက်စစ်သားများအား စက်မှု-၂ သို့ သယ်ဆောင်သွားခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ကျဆုံး NLDအမတ် ဦးကျော်မျိုးမင်းအား နွေဦးအာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြောင်း KNUသထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ ထုတ်ပြန် KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေတွင် KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ် ရေးတပ်(PDF)နှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး မိတ်ဖက်ရေးကာကြီးကြပ်ကွပ်ကဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း မူးယစ်ဆေးဝါးရောင်းဝယ်သောစခန်းတစ်ခုကိုရေးပြောက်ကျားတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ကိုင်းတောမစခန်းမှ ရဲတပ်သားနှစ်ဦး မြိုင်(ပကဖ)ထံ လက်နက်နှင့်အတူ အလင်းဝင် ယင်းတပ်သားနှစ်ဦးအား မြိုင်(ပကဖ)မှ တစ်ဦးလျင် ကျပ်သိန်း ၅၀စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားရှိကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 9, 2022