Connect with us

Hi, what are you looking for?

သတင်း

မူးယစ်​​ဆေးဝါး​ရောင်းဝယ်​သောစခန်းတစ်ခုကို​ရေး​ပြောက်ကျားတပ်ဖွဲ့ ဝင်​ရောက်ဖမ်းဆီး

ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေး​ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)

●မူးယစ်​ဆေးဝါးများကိုဖျက်ဆီး၊အ​ရေးယူသည့်အ​နေဖြင့်ကားတစ်စီးနှင့်ကျပ်သိန်း၇၀ကိုသိမ်းယူ၍​တော်လှန်​ရေးအတွက်အသုံးပြုမည်

မူးယစ်ဆေးဝါး​ရောင်းဝယ်​ဖောက်ကား​နေ​သောအဖွဲ့တစ်ဖွဲ့၏စခန်းကို ဝင်ရောက်ဖမ်းဆီးရာတွင် သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိကြောင်းရေးပြောက်ကျားတပ်ဖွဲ့ -YGFက သတင်းထုတ်ပြန်သည်။

ကိုယ်တိုင်မူးယစ်​ဆေးဝါး အသုံးပြုပြီး​ရောင်းဝယ်​ဖောက်ကား​နေ​သော အဖွဲ့တစ်ဖွဲ့ကို ပြည်သူများ၏ သတင်းပေးမှုနှင့် သတင်းရမှုအရ ဇူလိုင် ၅ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြာင်း ​ရေး​ပြောက်ကျားတပ်ဖွဲ့က ဇူလိုင်၉ ရက်တွင်ထုတ်ပြန်သည်။

ဖမ်းဆီးရာတွင် WY ဆေးပြား ၂၆၄ ပြား၊ ဘိန်းစာရွက်ပုံပါအထုတ် ၅၀ ထုတ်၊ ဆိုင်ကယ် ၇ စီး၊ ကားတစ်စီးနှင့် ငွေကျပ်သိန်း ၇၀ကို ဖမ်းဆီးရမိသည်ဟု​ဖော်ပြထားသည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)

ဖမ်းဆီးရမီခဲ့သည် ဆေးပြားများနှင့် ဘိန်းစာရွက်များကို မီးရှို့ဖျက်စီးခဲ့ပြီး၊မူးယစ်​​ဆေးဝါး​ရောင်းချမှုကိုအပြစ်​ပေးအ​ရေးယူသည့်အ​နေနှင့် ယာဉ်များ၊ငွေကြေးများကိုသိမ်းယူခဲ့ပြီးတော်လှန်ရေးအတွက် အသုံးပြုသွားမည်ဟုYGF ကအသိ​ပေးသည်။

Public Service Announcement

Public Service Announcement

“လူတွေကိုတော့နောက်ထပ်ဒီလိုမျိုးထပ်မလုပ်ဖို့ နောက်တစ်ခါဆိုရင်လူကိုယ်ပါအရေးယူမည့်အကြောင်းသတိပေးပြီးသက်ညှာတဲ့အနေနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်”ဟုအဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေး​ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

“ဒီကိစ္စကိုအကြံပြုချင်နေတာကြာပြီ အရောင်းဒိုင်တွေ လက်ခွဲတွေကို ဖမ်းကြပါ။ အရေးယူကြပါ။ မွန်တော်တော်များများ အိမ်တိုင်းက အာစီယံနဲ့သာယာနေတာ နိုင်ငံပျက်နေတာတောင် သူတို့နဲ့မဆိုင်သလိုပဲ အရွက်လမ်းကြောင်းပျက်ရင်တော့ ကမ္ဘာပျက်သလိုပဲ”ဟု အဆိုပါသတင်းထုတ်ပြန်ချက်အ​ပေါ်ပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook