Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မူးယစ်​​ဆေးဝါး​ရောင်းဝယ်​သောစခန်းတစ်ခုကို​ရေး​ပြောက်ကျားတပ်ဖွဲ့ ဝင်​ရောက်ဖမ်းဆီး

ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေး​ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)

●မူးယစ်​ဆေးဝါးများကိုဖျက်ဆီး၊အ​ရေးယူသည့်အ​နေဖြင့်ကားတစ်စီးနှင့်ကျပ်သိန်း၇၀ကိုသိမ်းယူ၍​တော်လှန်​ရေးအတွက်အသုံးပြုမည်

မူးယစ်ဆေးဝါး​ရောင်းဝယ်​ဖောက်ကား​နေ​သောအဖွဲ့တစ်ဖွဲ့၏စခန်းကို ဝင်ရောက်ဖမ်းဆီးရာတွင် သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိကြောင်းရေးပြောက်ကျားတပ်ဖွဲ့ -YGFက သတင်းထုတ်ပြန်သည်။

ကိုယ်တိုင်မူးယစ်​ဆေးဝါး အသုံးပြုပြီး​ရောင်းဝယ်​ဖောက်ကား​နေ​သော အဖွဲ့တစ်ဖွဲ့ကို ပြည်သူများ၏ သတင်းပေးမှုနှင့် သတင်းရမှုအရ ဇူလိုင် ၅ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြာင်း ​ရေး​ပြောက်ကျားတပ်ဖွဲ့က ဇူလိုင်၉ ရက်တွင်ထုတ်ပြန်သည်။

ဖမ်းဆီးရာတွင် WY ဆေးပြား ၂၆၄ ပြား၊ ဘိန်းစာရွက်ပုံပါအထုတ် ၅၀ ထုတ်၊ ဆိုင်ကယ် ၇ စီး၊ ကားတစ်စီးနှင့် ငွေကျပ်သိန်း ၇၀ကို ဖမ်းဆီးရမိသည်ဟု​ဖော်ပြထားသည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)

ဖမ်းဆီးရမီခဲ့သည် ဆေးပြားများနှင့် ဘိန်းစာရွက်များကို မီးရှို့ဖျက်စီးခဲ့ပြီး၊မူးယစ်​​ဆေးဝါး​ရောင်းချမှုကိုအပြစ်​ပေးအ​ရေးယူသည့်အ​နေနှင့် ယာဉ်များ၊ငွေကြေးများကိုသိမ်းယူခဲ့ပြီးတော်လှန်ရေးအတွက် အသုံးပြုသွားမည်ဟုYGF ကအသိ​ပေးသည်။

Public Service Announcement

Public Service Announcement

“လူတွေကိုတော့နောက်ထပ်ဒီလိုမျိုးထပ်မလုပ်ဖို့ နောက်တစ်ခါဆိုရင်လူကိုယ်ပါအရေးယူမည့်အကြောင်းသတိပေးပြီးသက်ညှာတဲ့အနေနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်”ဟုအဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေး​ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

“ဒီကိစ္စကိုအကြံပြုချင်နေတာကြာပြီ အရောင်းဒိုင်တွေ လက်ခွဲတွေကို ဖမ်းကြပါ။ အရေးယူကြပါ။ မွန်တော်တော်များများ အိမ်တိုင်းက အာစီယံနဲ့သာယာနေတာ နိုင်ငံပျက်နေတာတောင် သူတို့နဲ့မဆိုင်သလိုပဲ အရွက်လမ်းကြောင်းပျက်ရင်တော့ ကမ္ဘာပျက်သလိုပဲ”ဟု အဆိုပါသတင်းထုတ်ပြန်ချက်အ​ပေါ်ပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။