Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU နယ်မြေများ၌ ၆လအတွင်း တိုက်ပွဲ ၂,၆၀၀ဖြစ်၊ တပ်မဟာ(၁)နယ်မြေ၌ တိုက်ပွဲ ၂၀၀ ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅၀ခန့်သေ

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် သထုံ၊ ဘီးလင်း၊ဘားအံ(ဖားအံ)၊ ကျိုက်ထို မြို့နယ်များ ပါဝင်သည်။

KNU
KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်တပ်မဟာ(၁) နယ်မြေ၌ ယခုနှစ် ၆လအတွင်းတိုက်ပွဲ ၂၀၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၄၅ဦးသေဆုံးကာ ၃၂၂ဦးဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ယခုနှစ် ၆လတာကာလအတွင်း KNU နယ်မြေအားလုံး၌ တိုက်ပွဲ ၂,၆၈၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂,၂၀၈ ဦးသေဆုံးခဲ့ရာ တပ်မဟာ(၁)နယ်မြေအတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားမှာ ၄၄၅ဦး ဖြစ်သည်။

ထို့ပြင် KNU တပ်မဟာ(၁)ထံ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်သား သုံးဦးရှိသည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း KNU လက်အောက်ခံတပ်များဖြစ်သည့် KNLA/KNDO နှင့် ပူးပေါင်းတပ်များမှ သူရဲကောင်း ၇ဦး ကျဆုံးခဲ့ပြီး ၈ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့်လည်း KNU တပ်မဟာ (၁)နယ်မြေရှိ ဒေသခံများ စစ်ဘေးတိမ်းရှောင်ရပြီး လက်နက်ကြီးကြောင့် သေဆုံးထိခိုက်မှုများလည်းရှိခဲ့သည်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် သထုံ၊ ဘီးလင်း၊ဘားအံ(ဖားအံ)၊ ကျိုက်ထို မြို့နယ်များ ပါဝင်သည်။

KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၇)မှ အပ ကျန်တပ်မဟာများ၌ တိုက်ပွဲများ ဖြစ်ခဲ့ပြီးတပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။