Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်း၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ထုတ်ပြန်

မြ၀တီမြို့နယ် ဖလူးဒေသရှိ စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်မှ ၉ရက်အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ – ဝေါ်လေ ကားလမ်းမတစ်လျောက်အား ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column
ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်း၏ ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။

မြ၀တီမြို့နယ် ဖလူးဒေသရှိ စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်မှ ၉ရက်အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ – ဝေါ်လေ ကားလမ်းမတစ်လျောက်အား ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထိုသို့ပစ်ခတ်မှုကြောင့် ကော်ဘရာစစ်သည်များ ထိခိုက်ကျဆုံးမရှိကြောင်း၊ ကော်ဘရာ စစ်ကြောင်း၏လက်ရုံးတပ်ဖွဲ့များ ဖြစ်သော လက်နက်ကြီးစစ်သည်များ၊ ဒရုန်းစစ်သည်များမှ ပြန်လည် ခြေမှုန်းခဲ့ရာ ကားလမ်းမ တစ်လျှောက် သစ်တောများအတွင်း ပုန်းခိုနေသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများထံ တိကျစွာတိုက်ရိုက်ထိမှန်ခဲ့ပြီး အများအပြား ထိခိုက် သေဆုံး‌နေသည်ကို တွေ့ရကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် လေးကေ့ကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း တပ်စွဲရာတောင်ကုန်းများဆီသို့ ဇွန်လ ၂၉ရက်မှစ၍ စစ်ကြောင်းထိုး၍ ဝင်ရောက်ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၂ရက်အတွင်း ညစဉ်လက်နက်ကြီး ပစ်ကူရယူပြီး ထိုးစစ်ဆင်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ၏ တိုက်ခိုက်မှုကြောင့် ဖရိုဖရဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ကော်ဘရာ စစ်ကြောင်းက ဖော်ပြထားသည်။ ဇူလိုင် ၆ရက် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးထိခိုက်သူ များပြားကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။