Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်မိုင်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်​ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း၊ ထိခိုက်မိသည့် အကြမ်းဖက်စစ်သားများအား စက်မှု-၂ သို့ သယ်ဆောင်သွားခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင်မြို့နယ်
ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင်မြို့နယ်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်က ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်၈ရက်) နံနက် ၁၁နာရီခန့်တွင် မြိုင်မြို့နယ်၊ ကျောက်ခွက် မန်ကျည်းကုန်းမှ စက်မှု(၂)သို့ ပြန်လာသော စစ်ကောင်စီစစ်ကြောင်းအား ဝက်ပုတ်ရွာတောင်ဘက်တွင် တိုက်မိုင်း ၄လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်​ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း၊ ထိခိုက်မိသည့် အကြမ်းဖက်စစ်သားများအား စက်မှု-၂ သို့ သယ်ဆောင်သွားခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်(ပကဖ) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇူလိုင်၈ရက်) နံနက် ၇ နာရီခန့်တွင်လည်း ဆိုင်ကယ်ဖြင့် ရွာအပြင်သို့ထွက်လာသော မြိုင်မြို့နယ်၊ သရက်ကွရွာမှ ပျူစောထီးခေါင်းဆောင် ဟန်ညွန့်အား ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာအပြင်းအ ထန်ရပြီး ဆေးရုံပို့ထားရသည်ဟု ဒေသတွင်းအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

မြိုင်နယ်အနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook