Connect with us

Hi, what are you looking for?

သတင်း

ကိုင်းတောမစခန်းမှ ရဲတပ်သားနှစ်ဦး မြိုင်(ပကဖ)ထံ လက်နက်နှင့်အတူ အလင်းဝင်

ယင်းတပ်သားနှစ်ဦးအား မြိုင်(ပကဖ)မှ တစ်ဦးလျင် ကျပ်သိန်း ၅၀စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားရှိကြောင်း အသိပေးသည်။

မြိုင်(ပကဖ)
မြိုင်(ပကဖ)

စစ်ကောင်စီတပ်လက်အောက်ခံ ကိုင်းတောမရဲစခန်းမှ ရဲတပ်သားနှစ်ဦး ပြည်သူနှင့်အတူပူးပေါင်း၍ လက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း မြိုင်(ပကဖ)က ယနေ့(ဇူလိုင် ၉)တွင် အသိပေးထုတ်ပြန်သည်။

အလင်းဝင်လာသော ရဲတပ်သားနှစ်ဦးမှာ ရဲတပ်သားပါဆန်း (လ ၂၆၁၇၃၁)နှင့် ရဲတပ်သား လူသော် (လ၂၈၄၄၈၈)တို့ဖြစ်ကြောင်း ဖော်ပြသည်။

“သူတို့က ချင်းပြည်က ကိုင်းတောမစခန်းမှာ တာဝန်ကျတာ ၄-၅ ရက်ပဲရှိသေးတယ်။ လက် နက်ပါတယ်။ အူဇီ ၂ လက်”ဟု မြိုင်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

မြိုင်(ပကဖ)

အဆိုပါရဲသားနှစ်ဦးသည် ယမန်နေ့(ဇူလိုင် ၈)နံနက် ၉ နာရီ ၄၅ ခန့်တွင် မြိုင်(ပကဖ)ထံရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ BA 94 နှစ်လက်(ဒေသခေါ် အူစီ)၊ ကျည်အတောင့် ၉၀ ဖြင့် CDM ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းတပ်သားနှစ်ဦးအား မြိုင်(ပကဖ)မှ တစ်ဦးလျင် ကျပ်သိန်း ၅၀စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားရှိကြောင်း အသိပေးသည်။

ယခုလို ပြည်သူဘက်ပူးပေါင်းပြီး CDM ပြုလုပ်လာသော ရဲနှစ်ဦးမှာ တိုင်းရင်းသားများဖြစ်သောကြောင်း ၎င်းတို့အနေဖြင့် အတိုင်းမသိဝမ်းသာပြီး ညီရင်းအစ်ကိုပမာစောင့်ရှောက်၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်မှ ပြည်သူ့ဘက်ပူးပေါင်းပြီး မြိုင်(ပကဖ)ထံခိုလှုံ ၍ CDM ပြုလုပ်လာသူ ကိုးဦးရှိပြီဖြစ်ပြီး ၎င်းတို့အနက် သုံးဦးမှာ လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။