Connect with us

Hi, what are you looking for?

သတင်း

မြဝတီ−ဝေါ်လေ လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ Cobra စစ်ကြောင်းသုံးသပ်

အခုလို စစ်ကောင်စီတပ်က မြဝတီ-ဝေါ်လေ ကားလမ်းတလျှောက်မှာ တပ်အင်အားတွေတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားလာတာဟာ နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက်ဖြစ်တယ်လို့ ယူဆရလို့ရကြောင်း Cobra စစ်ကြောင်းက သုံးသပ်ထားပါတယ်။

ဓာတ်ပုံ − Cobra စစ်ကြောင်း
ဓာတ်ပုံ − Cobra စစ်ကြောင်း

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲက မြဝတီ− ဝေါ်လေ ကားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့လာတာတွေကြောင့် Cobra စစ်ကြောင်းနဲ့ ထိတွေ့ပစ်ခတ်မှု တွေ ဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

ဇူလိုင်လ ၇ ရက်က မြဝတီ − ဝေါ်လေ ကားလမ်း ပိုင်းရဲ့ သုံးထပ်ကွေ့ မှာ စစ်ကောင်စီတပ်နဲ့ Cobra စစ်ကြောင်းတို့ ကြား ထိတွေ့ တိုက်ခိုက်မှုဖြစ်ခဲ့ပါသေးတယ်။

အဲဒီထိတွေ့မှုမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့ပြီး ဗိုလ်ကြီးတစ်ဦး၊ ဆေးမှူး အပါအဝင် အလောင်း ငါးလောင်းကို အတည်ပြုတွေ့ရှိခဲ့ရတယ်လို့ Cobra စစ်ကြောင်းကထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာလည်း မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာ ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာပါက တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်လို့ Cobra စစ်ကြောင်း ပြောခွင့်ရသူက ဆိုပါတယ်။

“အခုလက်ရှိမှာတော့ ထိတွေ့မှုအနည်းငယ်တော့ ဖြစ်ထားပြီးပါပြီး ၊ အခုလက်ရှိမှာလည်း ဖြစ်နေဆဲပါ၊ မြဝတီ-ဝေါ်လေလမ်းတလျှောက်မှာတော့ နောက်ပိုင်းကာလတွေမှာတော့ တိုက်ပွဲတွေပိုပြီးပြင်းထန်လာနိုင်မယ်လို့ ပြောလို့ရပါတယ်”လို့ Cobra စစ်ကြောင်းပြောခွင့်ရသူကပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က မြဝတီ-ဝေါ်လေ ကားလမ်းတလျှောက်မှာ တပ်အင်အားတွေတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားလာတာဟာ နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက်ဖြစ်တယ်လို့ ယူဆရလို့ရကြောင်း Cobra စစ်ကြောင်းက သုံးသပ်ထားပါတယ်။

“သူတို့မှာတော့ စစ်ရေးရည်မှန်းချက်ကတော့ သူတို့ရှိမှာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ယူဆတာကတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ ရည်မှန်းချက်လို့ ယူဆရပါတယ်ဗျ။ ဥကရစ်ထကတော့ ဘာကြောင့်လည်းဆိုတော့ ဥကရစ်ထနေရာက သူတို့စစ်ကူတွေရောက်ရှိနေပြီပေါ့လေ။ ဒါကြောင့်မို့လို့ ဒီဘက်က ဖလူးဘက်က တက်လာတာဖြစ်တဲ့အတွက်မို့ ဒါနယ်မြေရှင်းလင်းရေးလုပ်တဲ့ ရည်ရွယ်ချက်လို့ ယူဆလို့ရပါတယ်ဗျ “လို့Cobra စစ်ကြောင်းက ပြောခွင့်ရသူကဆိုပါတယ်။

မနေ့က မနက်ပိုင်း ၄ နာရီလောက်မှာ လေးကေကော်ဒေသမှာရှိတဲ့ Cobra စစ်ကြောင်း လုံခြုံရေယူထားတဲ့ တောင်ကုန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။