သတင်း ဝမ်ပေါင်ကုမ္ပဏီအခြေစိုက်စစ်ကောင်စီတပ်က စီမံကိန်းဝန်းကျင်မှပြည်သူ ၂၃ ဦးအားသတ်ဖြတ်ခဲ့ စီမံကိန်းဝန်းကျင် ပြည်သူများ၏ ဒုက္ခများကို လျစ်လျူရှုပြီး အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ပြုနေ၍ ပြည်သူများစိတ်မကောင်းဖြစ်ရကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် စီမံကိန်းဝန်းကျင်ဒေသပြည်သူများ၏ ဒုက္ခများအား ထည့်သွင်းရေးသားထားခြင်းမရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 30, 2022
သတင်း တောင်ကြီးမြို့ အေးသာယာဆိုင်းဘုတ်အနီး စစ်တပ်ယာဥ်တန်း တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု SYM(UGPDF)အသိပေး နောက်နောင် ယခုကဲ့သို့ ထပ်မဖြစ်အောင်နှင့် အမှားနည်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ပြီး ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မည်သည့် UG အဖွဲ့အစည်းကိုမဆို တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။ LuduNwayOoဇွန် 30, 2022
သတင်း အာဏာရှင်ဟောင်း မားကို့စ်ရဲ့သား ဖိလစ်ပိုင် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာ ဒူတာတေးကတော့ မကြာသေးခင်ကမှ ဖိလစ်ပိုင် ဒုတိယ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုထားခဲ့ပြီး ဘွန်ဘွန်ရဲ့ အစိုးရ အဖွဲ့မှာ ပညာရေး ဝန်ကြီးအနေနဲ့ တာဝန်ယူသွားမှာပါ။ LuduNwayOoဇွန် 30, 2022
သတင်း စစ်ကောင်စီထိုးစစ်နှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်နေရသည့် ကျောက်ကြီးနှင့် မုန်းဒေသခံ ၁၆,၀၀၀ကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်နေ စစ်ကောင်စီ၏တပ်မတော်သားများအနေဖြင့်လည်း ပြည်သူလူထုအား အကာအကွယ်ပေးရန် ကတိ သစ္စာပြုထားသည့်အပေါ် မိမိတို့ကတိသစ္စာနှင့်ဆန့်ကျင်သည့် အမိန့်ညွှန်ကြားချက် မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုများ နှင့်အတူ ပြတ်ပြတ်သားသားရပ်တည်ရန် တိုက်တွန်းထားသည်။ LuduNwayOoဇွန် 30, 2022
သတင်း မင်းတပ်တိုက်ပွဲ CDF ရဲဘော်နှစ်ဦး ထပ်မံကျဆုံး မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်၍ ယမန်နေ့က ကလေးငယ် တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။ LuduNwayOoဇွန် 30, 2022
သတင်း မင်းတပ်တွင် စစ်ကောင်စီတပ်သားအချင်းချင်း စကားများ ပစ်ခတ်မှုဖြစ်ရာ သုံးဦးသေ “မနေ့က မြို့ပေါ်မှာဖြစ်တယ်ဆိုတာက မနေ့ကည ၁၀နာရီခွဲလောက်မှာ သူတို့စစ်သားအချင်းချင်း မူးပြီးတော့မှ ပစ်ကြတယ်ပြောတယ်။ သုံးယောက်လောက်သေတယ်တော့ပြောတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။ LuduNwayOoဇွန် 30, 2022
သတင်း ဒေသခံရွာသား ကို သတ်ဖြတ်ပြီး အလောင်းအောက်မှာ စစ်ကောင်စီတပ် မိုင်းထောင်ခဲ့ လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ နယ်မြေစိုးမိုးမှု၊ စစ်ရေးလှုပ်ရှားမှု တွေလုပ်လာလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ငဗျက်အင်းရွာနဲ့ အင်းနက်ရွာကြားမှာ KNLA တပ်မဟာ ၃ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ LuduNwayOoဇွန် 30, 2022
သတင်း တောင်ကိုရီးယားအလုပ်အကိုင် EPS စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ ဇူလိုင် ၇ရက် စတင်လက်ခံမည် EPS စာမေးပွဲအတွက် စာစစ်ဌာနများကို သြဂုတ်နှင့် အောက်တိုဘာလများအတွင်း ကြေညာသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့်သူများတွင် မမှန်ကန်သောအပြုအမူဖြင့် ဖြေဆိုပါက စာမေးပွဲဖြေဆိုခွင့် ၄ နှစ်အထိအပိတ်ခံရမည့်အပြင် တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 30, 2022
သတင်း စစ်ရှောင်ကလေးငယ်များ တက်ရောက်သည့် နွေဦးဂုရုလေးများပညာရေးစင်တာ Learning Skills များကို လက်တွေ့အသုံးချသင်ကြားပေးနေ "သင်ကြားရေးရည်ရွယ်ချက်ကတော့ ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် လိုအပ်မည့်အခြေခံ Learning Skills များကို လက်တွေ့လုပ်ဆောင်ရင်း သင်ယူနိုင်ရန်နဲ့ ရပ်ရွာဒေသအကြောင်းလေ့လာသိရှိရပြီး ပြန်လည်ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်"ဟု ဆိုသည်။ LuduNwayOoဇွန် 30, 2022
သတင်း စစ်ကောင်စီနှင့်လက်ပါးစေများကတော်လှန်ရေးပုံဖျက်သောသတင်းအမှားများဖြန့်ချီနေကြောင်းNUG ထုတ်ပြန် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများထဲတွင် NUG က အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်အချို့ကို အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားကြောင်းကိုအစည်းအဝေးဆုံးဖြတ်ချက်နှင့်တကွ လုပ်ငန်းစဥ်များပါချထားသယောင် လုပ်ကြံဖန်တီး၍ ဖြန့်ချိနေသော သတင်းမှားတစ်ခုလည်း ပါဝင်နေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoဇွန် 30, 2022