Connect with us

Hi, what are you looking for?

သတင်း

တောင်ကြီးမြို့ အေးသာယာဆိုင်းဘုတ်အနီး စစ်တပ်ယာဥ်တန်း တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု SYM(UGPDF)အသိပေး

နောက်နောင် ယခုကဲ့သို့ ထပ်မဖြစ်အောင်နှင့် အမှားနည်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ပြီး ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မည်သည့် UG အဖွဲ့အစည်းကိုမဆို တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

အေးသာယာ
အေးသာယာ

တောင်ကြီးမြို့ အေးသာယာဆိုင်းဘုတ်အနီး စစ်ကောင်စီတပ် VIP ယာဥ်တန်းအား တိုက် ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း Mission မအောင်မြင်ခဲ့ကြောင်း SYM(UGPDF)က ယနေ့(ဇွန် ၃၀)အသိပေးချက် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ယာဥ်တန်းကို ယမန်နေ့(ဇွန် ၂၉)က အေးသာယာဆိုင်းဘုတ် ကျွန်းမျောအနီး တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ရာ နည်းပညာပိုင်းဆိုင်ရာအခက်အခဲကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း ဖော်ပြသည်။

Mission Fail ဖြစ်သွားသည့်အပေါ် SYM (UGPDF)အဖွဲ့သားများအနေဖြင့် စိတ်မကောင်းဖြစ်ရပြီး မိဘပြည်သူများလည်း ထိုသို့ စိတ်မကောင်းဖြစ်ကြမည်ဟု ယုံကြည်ပါကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“နည်းပညာအခက်အခဲဆိုတဲ့အပေါ်မှာတော့ ထပ်ပြီးရှင်းမပြတော့ပါဘူး။ အဲလောက်ပဲ သိထားပေးပါ”ဟု SYM(UGPDF)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

နောက်နောင် ယခုကဲ့သို့ ထပ်မဖြစ်အောင်နှင့် အမှားနည်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ပြီး ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မည်သည့် UG အဖွဲ့အစည်းကိုမဆို တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

လက်ရှိအခြေအနေတွင် စစ်အာဏာရှင်နှင့် ၎င်း၏ထောက်တိုင်များအား စစ်ရေးပစ်မှတ်များအဖြစ် စစ်ဆင်ရေးများလုပ်ဆောင်ရာတွင် စစ်ဆင်ရေးအကြီး၊ အသေးအလိုက် အနိမ့်ဆုံးကုန်ကျငွေ ကျပ်တစ်သိန်းခွဲကျော်ရှိကြောင်း SYM(UGPDF)က အသိပေးသည်။

SYM(UGPDF)သည် ဇွန် ၂၄ ရက်ကလည်း တောင်ကြီးမြို့မစျေးမီးပွိုင့်အနီး စစ်ဆင်ရေးတွင် စစ်အုပ်စု၏ ယာဥ်ထိန်းရဲနှစ်ဦး ဒဏ်ရာရကာ ရဲနှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။