Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားအလုပ်အကိုင် EPS စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ ဇူလိုင် ၇ရက် စတင်လက်ခံမည်

EPS စာမေးပွဲအတွက် စာစစ်ဌာနများကို သြဂုတ်နှင့် အောက်တိုဘာလများအတွင်း ကြေညာသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့်သူများတွင် မမှန်ကန်သောအပြုအမူဖြင့် ဖြေဆိုပါက စာမေးပွဲဖြေဆိုခွင့် ၄ နှစ်အထိအပိတ်ခံရမည့်အပြင် တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားသည်။

(​တောင်ကိုရီးယားနိုင်ငံသို့ သွား​ရောက်အလုပ်လုပ်ကိုင်​သော မြန်မာလုပ်သားများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - POEA-EPS)
(​တောင်ကိုရီးယားနိုင်ငံသို့ သွား​ရောက်အလုပ်လုပ်ကိုင်​သော မြန်မာလုပ်သားများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - POEA-EPS)

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ရန်သွားလိုသူများအတွက် EPS စားမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ဇူလိုင် ၇ ရက်တွင် စတင်လက်ခံသွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်သည်။

လျှောက်လွှာများကို ဇူလိုင် ၇ ရက်မှ ၂၃ ရက်အထိ အွလိုင်းမှ လက်ခံသွားမည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံဖူးသူ၊ ပြည်ပထွက်ခွာခွင့် တားမြစ်ခံထားရသူ၊ ကိုရီးယားနိုင်ငံမှ နှင်ထုတ်ခံရဖူးသူများအား ဖြေဆိုခွင့်ပေးမည်မဟုတ်ကြောင်း ဖော်ပြသည်။

တောင်ကိုးရီးယားနိုင်ငံမှ အလုပ်အကိုင်အခွင့်အလမ်းများတွင် ကုန်ထုတ်လုပ်ငန်းအတွက် ၇,၀၄၅ ဦး၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ၅၉၅ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၁,၄၈၅ဦး အသီးသီး အောင်မြင်မှုပေးသွားမည်ဟု ဆို သည်။

“ဖောင်တင်ပြီး စာမေးပွဲက ၃ လ၊ ၄ လ ကြာမှ ဖြေရမယ်ဆိုရင်တောင် သင်တန်းတွေက သင် ရိုးပြတ်အောင် အချိန်ပိုစောင်းသင်ပါလိမ့်မယ်။ မိမိကလိုက်နိုင်မှု ကြိုးစားမှုက အဓိကကျပါလိမ့်မယ်။ EPS စာမေးပွဲ အောင်မယ်၊ မအောင်ဘူးက မည်သည့်သင်တန်းကမှ အာမမခံပါ။ မိမိ ကံ၊ ဉာဏ်၊ ဝီရိယက ၈၀% အဓိကကျပါလိမ့်မယ်”ဟု ​တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မိမိအနေဖြင့် ဖြေဆိုရန်အဆင်သင့်မဖြစ်သေးဟုယူဆပါက အချိန်ကာလတစ်ခုပေးပြီး လေ့လာသင်ယူသင့်ကာ စာမေးပွဲကာလအား စောင့်စိုင်းနေစဥ် ဝင်ငွေရမည့်အလုပ်တစ်ခုလုပ်ကိုင်သင့်ပြီး ရပ်စောင့်မနေသင့်ကြောင်း ၎င်းက အကြံပြုသည်။

EPS စာမေးပွဲအတွက် စာစစ်ဌာနများကို သြဂုတ်နှင့် အောက်တိုဘာလများအတွင်း ကြေညာသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့်သူများတွင် မမှန်ကန်သောအပြုအမူဖြင့် ဖြေဆိုပါက စာမေးပွဲဖြေဆိုခွင့် ၄ နှစ်အထိအပိတ်ခံရမည့်အပြင် တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားသည်။

ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရမည့် EPS စာမေးပွဲများကို ဒီချုပ်အစိုးရလက်ထက် ၂၀၂၁ ခုနှစ်အတွင်း ကျင်းပရန်စီစဥ်ခဲ့သော်လည်း ကိုဗစ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။