Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားအလုပ်အကိုင် EPS စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ ဇူလိုင် ၇ရက် စတင်လက်ခံမည်

EPS စာမေးပွဲအတွက် စာစစ်ဌာနများကို သြဂုတ်နှင့် အောက်တိုဘာလများအတွင်း ကြေညာသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့်သူများတွင် မမှန်ကန်သောအပြုအမူဖြင့် ဖြေဆိုပါက စာမေးပွဲဖြေဆိုခွင့် ၄ နှစ်အထိအပိတ်ခံရမည့်အပြင် တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားသည်။

(​တောင်ကိုရီးယားနိုင်ငံသို့ သွား​ရောက်အလုပ်လုပ်ကိုင်​သော မြန်မာလုပ်သားများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - POEA-EPS)
(​တောင်ကိုရီးယားနိုင်ငံသို့ သွား​ရောက်အလုပ်လုပ်ကိုင်​သော မြန်မာလုပ်သားများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - POEA-EPS)

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ရန်သွားလိုသူများအတွက် EPS စားမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ဇူလိုင် ၇ ရက်တွင် စတင်လက်ခံသွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်သည်။

လျှောက်လွှာများကို ဇူလိုင် ၇ ရက်မှ ၂၃ ရက်အထိ အွလိုင်းမှ လက်ခံသွားမည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံဖူးသူ၊ ပြည်ပထွက်ခွာခွင့် တားမြစ်ခံထားရသူ၊ ကိုရီးယားနိုင်ငံမှ နှင်ထုတ်ခံရဖူးသူများအား ဖြေဆိုခွင့်ပေးမည်မဟုတ်ကြောင်း ဖော်ပြသည်။

တောင်ကိုးရီးယားနိုင်ငံမှ အလုပ်အကိုင်အခွင့်အလမ်းများတွင် ကုန်ထုတ်လုပ်ငန်းအတွက် ၇,၀၄၅ ဦး၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ၅၉၅ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၁,၄၈၅ဦး အသီးသီး အောင်မြင်မှုပေးသွားမည်ဟု ဆို သည်။

“ဖောင်တင်ပြီး စာမေးပွဲက ၃ လ၊ ၄ လ ကြာမှ ဖြေရမယ်ဆိုရင်တောင် သင်တန်းတွေက သင် ရိုးပြတ်အောင် အချိန်ပိုစောင်းသင်ပါလိမ့်မယ်။ မိမိကလိုက်နိုင်မှု ကြိုးစားမှုက အဓိကကျပါလိမ့်မယ်။ EPS စာမေးပွဲ အောင်မယ်၊ မအောင်ဘူးက မည်သည့်သင်တန်းကမှ အာမမခံပါ။ မိမိ ကံ၊ ဉာဏ်၊ ဝီရိယက ၈၀% အဓိကကျပါလိမ့်မယ်”ဟု ​တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မိမိအနေဖြင့် ဖြေဆိုရန်အဆင်သင့်မဖြစ်သေးဟုယူဆပါက အချိန်ကာလတစ်ခုပေးပြီး လေ့လာသင်ယူသင့်ကာ စာမေးပွဲကာလအား စောင့်စိုင်းနေစဥ် ဝင်ငွေရမည့်အလုပ်တစ်ခုလုပ်ကိုင်သင့်ပြီး ရပ်စောင့်မနေသင့်ကြောင်း ၎င်းက အကြံပြုသည်။

EPS စာမေးပွဲအတွက် စာစစ်ဌာနများကို သြဂုတ်နှင့် အောက်တိုဘာလများအတွင်း ကြေညာသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့်သူများတွင် မမှန်ကန်သောအပြုအမူဖြင့် ဖြေဆိုပါက စာမေးပွဲဖြေဆိုခွင့် ၄ နှစ်အထိအပိတ်ခံရမည့်အပြင် တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားသည်။

ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရမည့် EPS စာမေးပွဲများကို ဒီချုပ်အစိုးရလက်ထက် ၂၀၂၁ ခုနှစ်အတွင်း ကျင်းပရန်စီစဥ်ခဲ့သော်လည်း ကိုဗစ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ တောင်ကိုရီးယား ရွေးကောက်ပွဲမှာ အများခန့်မှန်းထားတဲ့အတိုင်း အတိုက်အခံ ခေါင်းဆောင် လီဂျေမြောင်က အနိုင်ရသွားခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ရုတ်တရက် ကြေညာခဲ့တဲ့ ဖြစ်ရပ်အပြီး တောင်ကိုရီးယားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒက်ခ်ဆူဟာ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

သတင်း

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပရောက်မြန်မာများက အာဏာရှင်ဆန့်ကျင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (ဧပြီ ၂၇) အသီးသီး ပြုလုပ်ခဲ့ကြသည်။