Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တိုက်ပွဲ CDF ရဲဘော်နှစ်ဦး ထပ်မံကျဆုံး

မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်၍ ယမန်နေ့က ကလေးငယ် တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

(မင်းတပ် CDF ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force - Mindat)
(မင်းတပ် CDF ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force - Mindat)

မင်းတပ်မြို့နယ်၌ ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲအတွင်း မင်းတပ်ချင်းကာကွယ်ရေးတပ် (CDF)မှ ရဲဘော်နှစ်ဦး ထပ်မံကျဆုံးခဲ့ကြောင်း မင်းတပ် CDFက အသိပေးသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် မင်းတပ်မြို့နယ် ပလုံတွီတိုက်ပွဲတွင် CDF ရဲဘော် နှစ်ဦးပျောက်ဆုံးခဲ့ပြီး အဆိုပါ ရဲဘော် နှစ်ဦး၏အလောင်းကို ယနေ့(ဇွန်လ ၃၀ ရက်)နေ့လည် ၁နာရီခန့်တွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ ရဲဘော် နှစ်ဦးကို စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်ထိမှန်၍ ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ် CDFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်၍ ယမန်နေ့က ကလေးငယ် တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

ဇွန်လ ၂၉ရက် ည ၁၀နာရီခွဲခန့်ကလည်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ထီးလင်းမြို့နယ်မှ မင်းတပ်မြို့နယ်အတွင်း ထိုးစစ်ဆင်ဝင်ရောက်လာ၍ ယမန်နေ့က တိုက်ပွဲ ၃ကြိမ်ထက်မနည်းဖြစ်ခဲ့သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပြင်းထန်နိုင်၍ ပြည်သူလူထုများအနေဖြင့်မင်းတပ် CDF အားပံ့ပိုးကူညီပေးကြရန် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က မေတ္တာရပ်ခံတိုက်တွန်းသည်။

“ချင်းတောင်ဘက်မှာတော့ ရာသီဥတုကလည်း ဆိုးဝါးနေတယ်။ တိုက်ပွဲတွေလည်း တိုက်နေတယ်။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ CDF မင်းတပ်ကို ကူညီထောက်ပံ့မှု အပိုင်း လုပ်ပေးကြဖို့ ပြောလိုပါတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။