Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်ဟောင်း မားကို့စ်ရဲ့သား ဖိလစ်ပိုင် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆို

ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာ ဒူတာတေးကတော့ မကြာသေးခင်ကမှ ဖိလစ်ပိုင် ဒုတိယ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုထားခဲ့ပြီး ဘွန်ဘွန်ရဲ့ အစိုးရ အဖွဲ့မှာ ပညာရေး ဝန်ကြီးအနေနဲ့ တာဝန်ယူသွားမှာပါ။

ဖိလစ်ပိုင် သမ္မတသစ်
ဖိလစ်ပိုင် သမ္မတသစ်

နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်သူဟာ အခုအခါ ဖိလစ်ပိုင်ရဲ့ တရားဝင် သမ္မတသစ် ဖြစ်လာခဲ့ပါပြီ။

ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ဖာဒီနန် ဘွန်ဘွန်မားကို့စ် ဂျူနီယာဟာ ဇွန်လ ၃၀ မှာတော့ ဖိလစ်ပိုင်ရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သူဟာ ရာထူးက အနားယူပြီဖြစ်တဲ့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ အရိုက်အရာကို ဆက်ခံသွားမှာပါ။

ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာ ဒူတာတေးကတော့ မကြာသေးခင်ကမှ ဖိလစ်ပိုင် ဒုတိယ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုထားခဲ့ပြီး ဘွန်ဘွန်ရဲ့ အစိုးရ အဖွဲ့မှာ ပညာရေး ဝန်ကြီးအနေနဲ့ တာဝန်ယူသွားမှာပါ။

ဘွန်ဘွန်ဟာ သူ့ဖခင်ရဲ့ အာဏာရှင်အဖြစ် ကြီးစိုးခဲ့ချိန် ၁၉၈၆ ခုနှစ် မတိုင်ခင် ကာလတွေကို မသိမမီခဲ့တဲ့ မျိုးဆက်သစ် ဖိလစ်ပိုင် လူငယ်တွေကြားမှာ ရေပန်းစားတဲ့သူပါ။ ဒါပေမဲ့ ခေတ်ဟောင်းကို မီခဲ့တဲ့ ဖိလစ်ပိုင် လူ့အဖွဲ့အစည်းကတော့ မားကို့စ် မျိုးဆက်တစ်ယောက် နိုင်ငံခေါင်းဆောင် ထပ်ဖြစ်လာတဲ့အပေါ် တူးတူးခါးခါး စိတ်ပျက်နေပါတယ်။

Public Service Announcement

Public Service Announcement

ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် မနီလာ မြို့တော်အနှံ့မှာ လုံခြုံရေး အင်အား ၁၅၀၀၀ လောက်ထိ ဖြန့်ကျက်ထားခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် ဘွန်ဘွန်ဟာ အခွန် တိမ်းရှောင်မှု စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပေမယ့် ဒီပြဿနာတွေဟာ သူ့ကို သမ္မတဖြစ်ခွင့်ကနေ မတားဆီးနိုင်ကြောင်း မနီလာ တရားရုံးချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စီရင် ဆုံးဖြတ်ခဲ့ပါတယ်။

ဘွန်ဘွန်ဟာ ကိုဗစ် ကပ်ရောဂါ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ စီးပွားရေး ယိမ်းယိုင်မှုတွေကနေ တကျော့ပြန် ရုန်းထဖို့ အားယူနေတဲ့ နိုင်ငံတစ်ခုကို ဦးဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး လေ့လာသူတွေကတော့ ဘွန်ဘွန်ရဲ့ ရွေးကောက်ပွဲကြို ကတိတွေဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်ရေး၊ ကုန်စျေးနှုန်း လျှော့ချရေးတို့ ဆိုတာတွေဟာ ဒူတာတေး လက်ထက်က မူဝါဒတွေကနေ ကြီးကြီးမားမား ကွဲထွက်ပြီး ပြောင်းလဲသွားမယ့် သဘောမျိုး မတွေ့ရကြောင်း ပြောပါတယ်။

တချို့ကလည်း သမ္မတ ဒူတာတေး လက်ထက်က မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို အလွန်အကျွံ အင်အားသုံး ဖြိုခွင်းခဲ့တဲ့ ဖိလစ်ပိုင်ရဲ့ သွေးလွှမ်းတဲ့ ပုံရိပ်ကို ဘွန်ဘွန်က ပြန်အဖတ်ဆယ်ဖို့ ဦးစားပေး ကြိုးစားလာနိုင်ကြောင်း သုံးသပ်ကြပါတယ်။

ဘွန်ဘွန်ရဲ့ ဖခင်ဖြစ်သူ မားကို့စ်ဟာ ၁၉၆၅ ကနေ ၁၉၈၆ ခုနှစ်ထိ ဖိလစ်ပိုင်ကို စစ်အုပ်ချုပ်ရေး သတ်မှတ် အုပ်စိုးခဲ့ပြီး သူ့လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဂတိ လိုက်စားမှုတွေ အကြီးအကျယ် ထူပြောခဲ့သလို တစ်နိုင်ငံလုံး ဆင်းရဲတွင်း နက်ခဲ့ရပါတယ်။

၁၉၈၆ ခုနှစ်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆူပူ အုံကြွမှုတွေ ပေါ်ပေါက်လာပြီး အဲဒီတုန်းက အသက် ၂၈ နှစ်အရွယ် ဘွန်ဘွန် အပါအဝင် မားကို့စ် မိသားစုဝင်တွေအားလုံး အမေရိကန်နိုင်ငံက ဟာဝိုင်ယီကျွန်းကို ထွက်ပြေးသွားခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ မားကို့စ်ဟာ ဖိလစ်ပိုင်ကို ပြန်လာခဲ့ပြီး အဲဒီကတည်းက နိုင်ငံရေး နယ်ပယ်မှာ ခြေကုပ်ပြန်ယူဖို့ တစ်ဆင့်ချင်း ကြိုးစားလာခဲ့ပါတယ်။

အတိုက်အခံ အင်အားစုတွေကတော့ ဘွန်ဘွန်ဟာ လက်တွေ့မကျတဲ့ အလိမ်အညာ ကတိတွေကို လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ဖြန့်ဝေပြီး လူငယ်တွေရဲ့ ထောက်ခံမဲကို လှည့်စား ရယူသွားတယ်လို့ စွပ်စွဲကြပါတယ်။ လက်တွေ့မှာလည်း ဘွန်ဘွန်ဟာ သူ့ရဲ့ လူကြိုက်များမှုကို လူမှုကွန်ရက် မီဒီယာတွေမှာ အဓိက တည်ဆောက်ပြီး လူငယ်တွေရဲ့ ထောက်ခံမှုကို အဓိက ပစ်မှတ်ထား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။