Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်ကလေးငယ်များ တက်ရောက်သည့် နွေဦးဂုရု​လေးများပညာ​ရေးစင်တာ Learning Skills များကို လက်တွေ့အသုံးချသင်ကြားပေးနေ

“ သင်ကြား​ရေးရည်ရွယ်ချက်က​တော့ ဆယ်​ကျော်သက်အရွယ်လူငယ်များအတွက် လိုအပ်မည့်အ​ခြေခံ Learning Skills များကို လက်​တွေ့လုပ်​ဆောင်ရင်း သင်ယူနိုင်ရန်နဲ့ ရပ်ရွာ​ဒေသအ​ကြောင်း​လေ့လာသိရှိရပြီး ပြန်လည်ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဆိုသည်။

နွေဦးဂုရုလေးများ
နွေဦးဂုရုလေးများ

ကရင်နီဒေသ(ကယား)ရှိ စစ်ရှောင်ကလေးငယ်များအား ပညာသင်ကြားပေးနေသည့် နွေဦးဂုရုလေးများပညာရေးစင်တာသည် Learning Skills များကို လက်တွေ့အသုံးချ၍ သင်ကြားပေးနေကြောင်း အသိပေးထုတ်ပြန် သည်။

သင်ကြားသည့်ဘာသာရပ်များအနက် ရပ်ရွာရှိကိစ္စရပ်များကို ကွင်းဆင်း​လေ့လာရင်း Learning Skills များကိုလက်​တွေ့အသုံးချ ​လေ့ကျင့်ခြင်း အစီအစဥ်တစ်ခုလည်းပါဝင်ကြောင်း ဖော်ပြသည်။

“ ရပ်ရွာပတ်ဝန်းကျင်ရှိသစ်​တောပြုန်းတီးမှုနှင့် ရာသီဥတု​ဖောက်ပြန်ခြင်းအ​ကြောင်းအရာကို ​ယခုသင်ကြား​ရေးအစီအစဥ်အတွက် ​ရွေးပါတယ်။ လက်​တွေ့လုပ်​ဆောင်ရင်း သင်ယူဖြစ်ကြတဲ့ Learning skills ​တွေက​တော့ Presentation skill, Problem Tree နဲ့ Mind Mapping နည်းလမ်း​တွေကို အသုံးပြု​ရင်း လေ့လာကြပါတယ်” ဟု နွေဦးဂုရုလေးများ ပညာရေးစင်တာက အသိပေးသည်။

နွေဦးဂုရုလေးများ
နွေဦးဂုရုလေးများ

ထိုသင်ကြား​ရေး အစီအစဥ်ကို အပတ်စဥ် တနဂ်နွေည​နေပိုင်းတွင် ​လေ့လာ​ရေးထွက်ရှိပြီး စစ်​ရှောင်​ပြည်သူများ​နေထိုင်ရာ ရပ်ရွာတာဝန် ရှိသူများနှင့်တွေ့ဆုံပြီး ​နေထိုင် စား​သောက်​ရေး၊ ကျန်းမာ​ရေး၊ ပညာ​ရေး အ​ခြေအ​နေများကို ​လေ့လာ​ကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကွင်းဆင်းပြီး နောက်တစ်ပတ် တနဂ်​နွေ နံနက်ပိုင်းတွင်မူ ​ကျောင်းသူ​ကျောင်းသား​များ ဦး​ဆောင်ပြီးသစ်​တောပြုန်းတီးမှုနှင့် ရာသီဥတု​ဖောက်ပြန်ခြင်း အ​ကြောင်းအရာများကို​ ရွာသူ ရွာသားများနှင့် ဝိုင်းဖွဲ့ဆွေး​နွေးခြင်း၊ ဂေဟစနစ်မပျက်​အောင် သစ်​တောအရင်းအမြစ်များကို စနစ်တကျသုံးဆွဲနိုင်မည့်နည်းလမ်းများ ​အပြန်အလှန်ဝေမျှခြင်း၊ ကွင်းဆင်း​လေ့လာ​ရေးနှင့် ​ဟော​ပြောပွဲအပြီး ကျောင်းသား၊ ​ကျောင်းသူများက ပြန်လည်သုံးသပ်ခြင်း၊ အဖွဲ့သား​များနှင့် ပြန်လည်​ဝေမျှ ​ဆွေး​​​နွေးခြင်းများလုပ်ဆောင်စေကြောင်း ဖော်ပြသည်။

ထို့ကြောင့် လေ့လာသင်ယူမှုအတွက် အဖွဲ့ ၃ဖွဲ့ ထားပြီး တစ်ဖွဲ့လျှင်အ​ယောက် ၂၀ဆီဖြင့် ​အပတ်စဥ်​ကွင်းဆင်းနေရာတစ်ခုချင်းဆီအတွက် တစ်လှည့်ဆီလုပ်​ဆောင်စေကြောင်းလည်း ဖော်ပြသည်။

“ သင်ကြား​ရေးရည်ရွယ်ချက်က​တော့ ဆယ်​ကျော်သက်အရွယ်လူငယ်များအတွက် လိုအပ်မည့်အ​ခြေခံ Learning Skills များကို လက်​တွေ့လုပ်​ဆောင်ရင်း သင်ယူနိုင်ရန်နဲ့ ရပ်ရွာ​ဒေသအ​ကြောင်း​လေ့လာသိရှိရပြီး ပြန်လည်ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဆိုသည်။

အထက်ပါနွေဦးဂုရုလေးများပညာရေးစင်တာတွင် စစ်ရှောင်စခန်းများမှ ပညာသင်ကြားလိုသော ၇တန်းမှ ၁၀ တန်းအထိကျောင်းသားကျောင်းသူ ၆၀ကျော်ကို အရည်ချင်းစစ်စာ မေးပွဲဖြေဆိုစေပြီး အရည်အချင်းအလိုက် တန်းခွဲများခွဲကာ သင်တန်းကာလ နှစ်လနှင့်တစ်ပတ်သတ်မှတ်သင်ကြားပေးနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ရှောင် စခန်းတခုပေါ် တောင်ပြိုကျလို့ ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ ၁၀ဦးသေဆုံးခဲ့ရတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ဒီကနေ့(စက်တင်ဘာ ၂၆ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့၍စစ်ဘေးရှောင်မိသားစုဝင်ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

သတင်း

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များရှိသော ကျေးရွာနှစ်ရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ စစ်ရှောင်နေအိမ် ၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာနက သတင်းထုတ်ပြန်သည်။

သတင်း

ဖားကန့်မြို့နယ်၊ လုံးခင်းဒေသသို့ ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊PDF ပူးပေါင်းတပ်သည် ယနေ့(မေလ ၂၈ရက်) နံနက် ၈နာရီ၁၀မိနစ်ခန့်မှစ၍ ​နေရာ သုံးနေရာထက်မနည်း၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည်။