Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထိုးစစ်နှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်နေရသည့် ကျောက်ကြီးနှင့် မုန်းဒေသခံ ၁၆,၀၀၀ကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်​နေ

စစ်ကောင်စီ၏တပ်မတော်သားများအနေဖြင့်လည်း ပြည်သူလူထုအား အကာအကွယ်ပေးရန် ကတိ သစ္စာပြုထားသည့်အပေါ် မိမိတို့ကတိသစ္စာနှင့်ဆန့်ကျင်သည့် အမိန့်ညွှန်ကြားချက် မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုများ နှင့်အတူ ပြတ်ပြတ်သားသားရပ်တည်ရန် တိုက်တွန်းထားသည်။

(ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း(၁၁)ရွာမှ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွှေ့ပြောင်းတိမ်းရှောင်နေရသော ဒေသခံများကို ဇွန်လ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

▪️လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပံ့ပိုးပေးနိုင်ကြောင်း အသိပေး

▪️စစ်ကောင်စီတပ်သားများ ပြည်သူလူထုဘက်ရပ်တည်ကြရန် ကရင်လူငယ်အဖွဲ့ တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်များက လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ကြောင့် ကျေးရွာပေါင်း ၃၀ကျော်မှ ဒေသခံ ၁၆,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများလိုအပ်လျက်ရှိကြောင်း ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့က ထုတ်ပြန်သည်။

လက်ရှိအခြေအနေများအရ စစ်ရှောင်ပြည်သူများ များပြားလာသည့်အပြင် စစ်ကောင်စီက နေ့စဉ်နှင့်အမျှ စစ်အင်အားများတိုးချဲ့လာပြီး တိုက်ပွဲများ နေ့စဉ်တိုးပွားလျက်ရှိကြောင်း ဖော်ပြသည်။

တိုက်ပွဲအခြေအနေများကြောင့် ရွာလုံးကျွတ် တိမ်းရှောင်မှုများ အများအပြားရှိနေသည့်အပြင် ပြောင်းရွှေ့ခြင်းမပြုရသေးသော ကျေးရွာနေ ပြည်သူများအနေဖြင့်လည်း စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်ဟု ဆိုသည်။

(ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း(၁၁)ရွာမှ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွှေ့ပြောင်းတိမ်းရှောင်နေရသော ဒေသခံများကို ဇွန်လ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)
(ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း(၁၁)ရွာမှ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွှေ့ပြောင်းတိမ်းရှောင်နေရသော ဒေသခံများကို ဇွန်လ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ – 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

ယခုစစ်ရှောင်လျက်ရှိသော ပြည်သူများအထဲတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်းများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများလည်း ပါဝင်ပြီး မိုးရာသီဖြစ်သည့်အလျောက် နေရာထိုင်ခင်းအတွက် အမိုးအကာအခက်အခဲများ၊ ကျန်းမာရေးအတွက် ဆေးဝါးအကူအညီများ၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် အခက်အခဲများ၊ အစားအစာလိုအပ်ချက်များရှိနေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယုံကြည်စွာကူညီပေးလျက်ရှိသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအသီးသီးကို ကျေးဇူး တင်ရှိပါကြောင်းနှင့် ထပ်မံလိုအပ်လျက်ရှိသော အကူအညီများကိုလည်း ပေးအပ်နိုင်ပါကြောင်း ဒေသခံကရင်အရပ်ဘက် လူမှုရေးရာအဖွဲ့က ထုတ်ပြန်သည်။

(ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း(၁၁)ရွာမှ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွှေ့ပြောင်းတိမ်းရှောင်နေရသော ဒေသခံများကို ဇွန်လ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)
(ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း(၁၁)ရွာမှ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွှေ့ပြောင်းတိမ်းရှောင်နေရသော ဒေသခံများကို ဇွန်လ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ – 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

မူး(မုန်း)မြို့နယ်အတွင်း ကရင်လူငယ်အစည်းအရုံးကလည်း အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် အကြမ်းဖက်စစ်ကောင်စီမှ လယ်ဒို(ကျောက်ကြီး) မြို့နယ်နှင့် မူး(မုန်း) မြို့နယ် အတွင်းရှိကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စဉ်ဆက်မပြတ် ပစ်ခတ်နေမှုကြောင့် ကျေးရွာပေါင်း၃၀ မှ လူဦး ရေ စုစုပေါင်း ၁၆,၁၃၇ ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးပုန်း ရှောင်နေရကြောင်း အသိပေးထားပြီး ပြည်သူများအနေဖြင့်ကျန်းမာရေးအခြေအနေများ ဆိုးရွာလျက်ရှိကာ စားဝတ်နေရေး အခက်အခဲများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဖော်ပြသည်။

ထို့အပြင် ပြည်သူများအနေဖြင့် ၎င်းတို့ကျေးရွာအတွင်းရှိ ကျောင်းနေအရွယ်ကလေးငယ်များအတွက် ကြိုးစားတည်ထောင်ထားသော ကိုယ်ထူကိုယ်ထကျောင်းများမှာလည်း ပိတ်သိမ်းထား ရပြီး အခြားကျေးရွာနေ ပြည်သူများမှာလည်း စိုးရိမ်ထိန့်လန့်ကြောက်လန့်မှုများဖြင့် နေထိုင်နေရကြောင်း ထုတ်ပြန်ခဲ့သည်။

(ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း(၁၁)ရွာမှ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွှေ့ပြောင်းတိမ်းရှောင်နေရသော ဒေသခံများကို ဇွန်လ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)
(ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း(၁၁)ရွာမှ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွှေ့ပြောင်းတိမ်းရှောင်နေရသော ဒေသခံများကို ဇွန်လ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ – 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းပြီးသည့်အချိန်မှစ၍ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုများသည် လူမှုဒုက္ခအဝဝကို ရင်ဆိုင်ကြုံတွေ့နေရပြီး လူမှုဘဝလုံခြုံမှု ကင်းမဲ့နေကြောင်း နှင့်အကြမ်းဖက်စစ်ကောင်စီ၏ လူသားမဆန်သောလုပ်ရပ်မှန်သမျှကို ရပ်တန့်ရန်၊ ပြည်သူလူထုများ၏ လူမှုဘဝလိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရန် လူငယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မုန်းမြို့နယ် ကရင်လူငယ်အစည်းအရုံးက အသိပေးသည်။

ထို့ကြောင့် နေရာဒေသအသီးသီးမှ ပြည်သူလူထုများအနေဖြင့် မိမိတို့ တတ်နိုင်သည့်ဖက်မှ ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

စစ်ကောင်စီ၏တပ်မတော်သားများအနေဖြင့်လည်း ပြည်သူလူထုအား အကာအကွယ်ပေးရန် ကတိ သစ္စာပြုထားသည့်အပေါ် မိမိတို့ကတိသစ္စာနှင့်ဆန့်ကျင်သည့် အမိန့်ညွှန်ကြားချက် မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုများ နှင့်အတူ ပြတ်ပြတ်သားသားရပ်တည်ရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။