သတင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် ရှေ့တန်းစခန်းတစ်ခုသို့သွားရောက်ကာ PDF ရဲဘော်များကို အားပေး ပြည်ထောင်စုဝန်ကြီးချုပ်သည် ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံကို အလေးပြုခဲ့ပြီးကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုပြု လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ LuduNwayOoဇွန် 7, 2022
သတင်း အရာတော် မလဲသာရွာပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်အကူအညီလိုအပ်နေ အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့် မလဲသာရွာကို စစ်ကောင်စီက မေလ ဆန်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 7, 2022
သတင်း လမ်းခရီးတွင် ဝယ်ယူထားသောလက်နက်ပစ္စည်းများ သိမ်းဆည်းခံရ၍ ဆက်လက်ထောက်ပံ့ကူညီပေးကြရန် ရေစကြို PDF မေတ္တာရပ်ခံ အောင်မြင်စွာရောက်ရှိရန် အခြေအနေတစ်ခုအလိုတွင် ကားချို့ယွင်းမှု့ကြောင့် စစ်ဆေးဖမ်းဆီးခံလိုက်ရကြောင်း ရေစကြို PDFမှ ရဲဘော်ဝေကြီးက ပြောသည်။ LuduNwayOoဇွန် 7, 2022
သတင်း နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ရက်ပေါင်း ၆၀ အတွင်း ပစ်မှတ်၉၁ခုအား တိုက်ခိုက် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ရက်ပေါင်း ၆၀ အတွင်း ပစ်မှတ် ၉၁ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ဦးထက်မနည်း သေဆုံးပြီး ၉၀ကျော် ပြင်းထန်ဒဏ်ရာများရရှိကြောင်း အဆိုပါစစ်ဆင်ရေးတာဝန်ခံက People's Springသို့ ပြော သည်။ LuduNwayOoဇွန် 7, 2022
သတင်း လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများကို KNDF ဖမ်းဆီး ဖမ်းဆီးရမိသူများနှင့် သက်သေခံပစ္စည်းများကိုကရင်နီပြည်ရဲဌာန KSPထံသို့ အပ်နှံခဲ့ကြောင်းလည်း KNDFက အသိပေးသည်။ LuduNwayOoဇွန် 7, 2022
သတင်း ချောင်းဦးမြို့နယ်ရှိ တပါယ်အင်းရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ဒေသခံတစ်ဦးကိုသတ်ဖြတ်သွား စုစုပေါင်း အိမ်ခြေ၇၀ကျော်ရှိသည့်အနက် နေအိမ် လေးလုံးခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးသွားကြောင်း မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။ LuduNwayOoဇွန် 7, 2022
သတင်း ဝန်းသိုမြို့နယ် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ကျော် စစ်ဘေးရှောင်နေရ နမ်းခမ်းရွာအနီးတွင် ဇွန်လ ၅ ရက် ညနေပိုင်းကဖြစ်ပွားသော ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(ဝန်းသို)မှ ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရထားပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း WR Team က အသိပေးသည်။ LuduNwayOoဇွန် 7, 2022
သတင်း သေဒဏ်ဖျက်သိမ်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NUCC ကတိပြု ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အပေါ် ချမှတ်သော သေဒဏ်စီရင်ချက်ကို အတည်ပြုသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်သည် ဥပဒေကြောင်းအရာ တရားဝင်မှုမရှိကြောင်း NUCC က ဖော်ပြသည်။ LuduNwayOoဇွန် 7, 2022
သတင်း သံတောင်က စစ်ကောင်စီတပ်စခန်းတစ်ခုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဒုတပ်ရင်းမှူး ဒါမှမဟုတ် ဒုတပ်ခွဲမှူးအဆင့်ရှိတဲ့ အရာရှိတစ်ီဥးဖြစ်နိုင်တယ်လို့ သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုထားပါတယ်။ LuduNwayOoဇွန် 7, 2022
သတင်း ကန့်ဘလူနယ်တွင် ပြည်ခိုင်ဖြိုးပါတီအမာခံနှင့် ရဲတစ်ဦး၏ နေအိမ်ကိုပါ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး လျော်ဖြူကုန်းရွာသည် အိမ်ခြေ ၂၅၀ ကျော်ရှိပြီး နေအိမ် ၁၄၀ ကျော်ခန့်အထိ စစ်ကောင်စီတပ်က မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ LuduNwayOoဇွန် 7, 2022