Connect with us

Hi, what are you looking for?

သတင်း

NUG ပြည်ထောင်စုဝန်ကြီးချုပ် ရှေ့တန်းစခန်းတစ်ခုသို့သွားရောက်ကာ PDF ရဲဘော်များကို အားပေး

ပြည်ထောင်စုဝန်ကြီးချုပ်သည် ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံကို အလေးပြုခဲ့ပြီးကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုပြု လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ရှေ့တန်းစခန်းသိူ့သွားရောက်ခဲ့သော NUG ပြည်ထောင်စုဝန်ကြီးချုပ်
ရှေ့တန်းစခန်းသိူ့သွားရောက်ခဲ့သော NUG ပြည်ထောင်စုဝန်ကြီးချုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရှေ့တန်းစစ်စခန်းတစ်ခုကို သွားရောက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲဘော်များကို သွားရောက်ခဲ့ ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

ရှေ့တန်းစခန်းသိူ့သွားရောက်ခဲ့သော NUG ပြည်ထောင်စုဝန်ကြီးချုပ်
ရှေ့တန်းစခန်းသိူ့သွားရောက်ခဲ့သော NUG ပြည်ထောင်စုဝန်ကြီးချုပ်

NUG ပြည်ထောင်စုဝန်ကြီးချုပ်သည် ဇွန်လ ၇ ရက်တွင် ရှေ့တန်းစစ်စခန်းတစ်ခုကို သွားရောက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ နွေဦးတော်လှန်ရေးကို အနိုင်ရရှိအောင် တိုက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူငယ်များသည် အေးချမ်းစွာ ပညာသင်ကြားနေကြရမည်ဖြစ်သော်လည်း တိုင်းပြည်လိုအပ်နေချိန်တွင် ရှေ့တန်းထွက်ကာ ပါဝင်လာကြ၍ လွန်စွာလေးစားကြောင်းနှင့် CDM တွင်ပါဝင်လာသူ ဝန်ထမ်းများသည်လည်း လက်ရှိအချိန်အထိ တောင့်ခံပေးထားကြသည်မှာ လွန်စွာလေးစားဖွယ် ဖြစ်ကြောင်း မန်းဝင်းခိုင်းသန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်သည် ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံကို အလေးပြုခဲ့ပြီးကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုပြု လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယာယီသမ္မတ ဒူဝါလရှီးလသည်လည်း ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သည်ရဲဘော်များကို မေလ ၂၄ ရက်တွင် သွားရောက် ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

သတင်း

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Trending

Facebook