မကွေးတိုင်း၊ ရေစကြိုမြို့ PDFမှ ဝယ်ယူထားသော လက်နက်ပစ္စည်းများ လမ်းခရီးတွင်သိမ်းဆည်းခံရ၍ ဆက်လက်ထောက်ပံ့ကူညီပေးကြရန် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က မေတ္တာရပ်ခံသည်။
အောင်မြင်စွာရောက်ရှိရန် အခြေအနေတစ်ခုအလိုတွင် ကားချို့ယွင်းမှု့ကြောင့် စစ်ဆေးဖမ်းဆီးခံလိုက်ရကြောင်း ရေစကြို PDFမှ ရဲဘော်ဝေကြီးက ပြောသည်။
“ရဲဘော်များ အသားဟင်းမစားဘဲ ခြိုးခြံချွေတာစုဆောင်းပြီး လိုအပ်သည်များချေးယူ၍ ဝယ်ယူထားခြင်း ဖြစ်ပါတယ်ဗျာ။ ဆက်လက်ကူညီထောက်ပံ့ပေးကြဖို့ အားနာစွာဖြင့် ညိုးငယ်စွာ အကူအညီတောင်းခံအပ်ပါတယ်ဗျာ။”ဟု ရဲဘော်ဝေကြီးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ဇွန်လ ၆ ရက်က မကွေးတိုင်း ရေစကြိုမြို့မှ ပဲခူးတိုင်းပြည်မြို့သို့ပို့ဆောင်မည့် KA (25) ၂၂ လက်၊ ကျည် ၄,၀၀၀တောင့်၊ ကျည်ကပ် ၄၀ခုကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြထားသည်။