သတင်း ကစယ့်သူ့တပ်ရင်းက စစ်ကောင်စီကင်းအဖွဲ့ကို တိုက်ခိုက် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာလည်း သေဆုံးသွားခဲ့တယ်လို့ ကစယ့်သူးတပ်ရင်းက ဆိုပါတယ်။ LuduNwayOoဇွန် 1, 2022
သတင်း ကျောက်ကြီးဒေသခံတွေကို ပြည်သူရွေးကောက်ထားတဲ့ မြို့နယ်တာဝန်ခံတွေတွေ့ဆုံ တွေ့ဆုံဆွေးနွေးပွဲမှာ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်က ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို မြို့နယ် တာဝန်ရှိသူတွေက ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။ LuduNwayOoဇွန် 1, 2022
သတင်း အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးလုပ်ဆောင်နေသည့် ပညာရေးဌာနထောက်တိုင်ဝန်ထမ်းများကို ထီးချိုင့်(ပအဖ) အမည်ပျက်စာရင်းကြေညာ အွန်လိုင်းတွင် နုတ်ထွက်စာတင်ပြီး အလုပ်ပြန်ဝင် လစာထုတ်ယူနေသော ဝန်ထမ်းများ စာရင်းနှင့် အခြားအမည်ပျက် ဝန်ထမ်းများ စရြင်းကိုလည်း ဆက်လက် ထုတ်ပြန်အရေးယူသွားမည်ဟု ဆိုသည်။ LuduNwayOoဇွန် 1, 2022
သတင်း လုံခြုံရေးအချိန်ပြည့်ချထားသောနောင်ချိုပညာရေးမှူးရုံးဒုတိယထပ်အစည်းအဝေးခန်းအတွင်းဗုံးပေါက်ကွဲမှု စစ်ကောင်စီလက်ချက်ဟု ဒေသခံများပြော ရုံးအတွင်းနှင့် အပြင်၌ အချိန်ပြည့်လုံခြုံရေးချထားသောနောင်ချိုပညာရေးမှူးရုံး၏ အပေါ်ထပ်အစည်းအဝေးခန်းမတွင် ဗုံးပေါက်ကွဲခြင်းသည်စစ်ကောင်စီတပ်လက်ချက်သာဖြစ်ကြောင်း ဒေသခံများကပြောသည်။ ludunwayooဇွန် 1, 2022
သတင်း “ပြာပုံကနေ ပြည်သစ်တည် အတူရုန်းကန် ဖေးမမည်”ဟု ကြွေးကြော်ခဲ့သည့် လက်ပံတောင်းသပိတ် စစ်ကိုင်းတိုင်းအတွင်း နယ်မြေမငြိမ်သက်မှုများဖြစ်ပေါ်နေသော်လည်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ကျေးရွာတစ်ရွာတွင် လူထုသပိတ်စစ်ကြောင်းသည် ယနေ့ (ဇွန်လ ၁) ညနေပိုင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားအများအပြားဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။ ludunwayooဇွန် 1, 2022
သတင်း ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ ရန်ကုန်မြို့၊ ဘားလမ်း ဗုံးခွဲတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်ချက်ဟု ထုတ်ပြန် သောကြေညာချက်အတုကို စစ်တပ်ထောက်ခံသူများ၏ ဖေ့စ်ဘုတ်နှင့် တယ်လီဂရမ်အကောင့် များက စတင်ထုတ်ပြန်ဖော်ပြခြင်းဖြစ်သည်ဟု Myanmar Witness က စုံစမ်းဖော်ထုတ်သည်။ LuduNwayOoဇွန် 1, 2022
သတင်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့သည့် လောင်းလုံးကျောင်းသားသပိတ် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့ (ဇွန်လ ၁) နေ့လည်ပိုင်း၌ စစ်အာဏာရှင် ကျဆုံးရေးနှင့် စစ်ကျွန်ပညာဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။ ludunwayooဇွန် 1, 2022
သတင်း ရန်ကုန်တွင် “မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ”ကျိန်စာ စာသားအား အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲ ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး အဖမ်းအဆီးများနေချိန်မှာပင် "မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ" ပြည်သူ့ကျိန်စာ စာသားအား ဝေဒပညာရှင်များ၏ ညွှန်ကြားစီရင်ပေးသည့် အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။ ludunwayooဇွန် 1, 2022
သတင်း စစ်ကောင်စီနှင့် ဆွေးနွေးအပေးအယူပြုလုပ်မှုမှန်သမျှ တရားမဝင်ကြောင်း NUG ကြေညာ စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို NUG နှင့် NUGကို ဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။ ludunwayooဇွန် 1, 2022
သတင်း ဝက်လက်မြို့နယ်တွင်စစ်ကောင်စီတပ်မှသေဆုံးသွားသောစစ်သား အလောင်းငါးလောင်းကိုသည်အတိုင်းပစ်ထားသွား ပြီးခဲ့သည့်မေလ ၂၈ရက်နေ့ကဝက်လက်မြို့နယ်တွင်အင်အား၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောစစ်တပ်အား လယ်ကွင်းပြင်တစ်နေရာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြင်းဖြူရှင်ပျောက်ကြားအဖွဲ့က ပြောသည်။ ludunwayooဇွန် 1, 2022