Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးဒေသခံတွေကို ပြည်သူရွေးကောက်ထားတဲ့ မြို့နယ်တာဝန်ခံတွေတွေ့ဆုံ

တွေ့ဆုံဆွေးနွေးပွဲမှာ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်က ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို မြို့နယ် တာဝန်ရှိသူတွေက ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

ကျောက်ကြီးဒေသခံတွေကို ပြည်သူရွေးကောက်ထားတဲ့ မြို့နယ်တာဝန်ခံတွေတွေ့ဆုံ
ကျောက်ကြီးဒေသခံတွေကို ပြည်သူရွေးကောက်ထားတဲ့ မြို့နယ်တာဝန်ခံတွေတွေ့ဆုံ

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုတွေကို မြို့နယ်တာဝန်ရှိ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ၊ အခြားဝန်ထမ်းတွေကို ဒီကနေ့မနက် ၉ နာရီအချိန်က မြို့နယ်တာဝန်ရှိခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ကျောက်ကြီးဒေသခံတွေကို ပြည်သူရွေးကောက်ထားတဲ့ မြို့နယ်တာဝန်ခံတွေတွေ့ဆုံ
ကျောက်ကြီးဒေသခံတွေကို ပြည်သူရွေးကောက်ထားတဲ့ မြို့နယ်တာဝန်ခံတွေတွေ့ဆုံ

တွေ့ဆုံဆွေးနွေးပွဲမှာ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်က ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို မြို့နယ် တာဝန်ရှိသူတွေက ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

အခုလို ရှင်းလင်းဆွေးနွေးရတာဟာ ပြည်သူလူထုတွေ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို သိရှိနားလည်ပြီး မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ဖို့ဖြစ်တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ကြီးဒေသခံတွေကို ပြည်သူရွေးကောက်ထားတဲ့ မြို့နယ်တာဝန်ခံတွေတွေ့ဆုံ
ကျောက်ကြီးဒေသခံတွေကို ပြည်သူရွေးကောက်ထားတဲ့ မြို့နယ်တာဝန်ခံတွေတွေ့ဆုံ

ဒီတွေ့ဆုံဆွေးနွေးပွဲအှာ ဒေသခံပြည်သူဦးရေ (၃၀၀)နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူလူထုတွေအနေနဲ့ မြို့နယ်အတွင်းမှာ ဘယ်လုပ်ငန်းကိစ္စမဆို လုပ်ကိုင်ဆောင်ရွက်လိုပါက သက်ဆိုင်ရာမြို့နယ်ရဲ့ခွင့်ပြုချက်ကိုရယူပြီး စည်းကမ်းစည်းမျဉ်းအတိုင်းလိုက်နာဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။