Connect with us

Hi, what are you looking for?

သတင်း

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ

ရန်ကုန်မြို့၊ ဘားလမ်း ဗုံးခွဲတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်ချက်ဟု ထုတ်ပြန် သောကြေညာချက်အတုကို စစ်တပ်ထောက်ခံသူများ၏ ဖေ့စ်ဘုတ်နှင့် တယ်လီဂရမ်အကောင့် များက စတင်ထုတ်ပြန်ဖော်ပြခြင်းဖြစ်သည်ဟု Myanmar Witness က စုံစမ်းဖော်ထုတ်သည်။

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ
​ကြေညာချက် အတု

ဗုံး​ပေါက်ကွဲမှုနှင့်ပတ်သပ်၍ Myanmar Witness စုံစမ်းစစ်​ဆေး၊ သက်​သေများ​ယုံကြည်စွာပေးပို့နိုင်​ကြောင်းနှိုးဆော်

စာအတု​၏ပုံအရည်အ​သွေးမှာ174.9KB အထိရှိ​နေပြီး ဖေစ်ဘွခ်တွင်စတင်ခြင်းမဟုတ်ဘဲ စစ်​တပ်​ထောက်ခံသူများ၏ တယ်လီဂရန်မှစဖြန့်ခဲ့ခြင်းဖြစ်

ရန်ကုန်မြို့၊ ဘားလမ်း ဗုံးခွဲတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်ချက်ဟု ထုတ်ပြန် သောကြေညာချက်အတုကို စစ်တပ်ထောက်ခံသူများ၏ ဖေ့စ်ဘုတ်နှင့် တယ်လီဂရမ်အကောင့် များက စတင်ထုတ်ပြန်ဖော်ပြခြင်းဖြစ်သည်ဟု Myanmar Witness က စုံစမ်းဖော်ထုတ်သည်။

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ
Myanmar Witness က စာကိုဆန်းစစ်​လေ့လာထားမှု

မေလ ၃၁ ရက်တွင် ဖြစ်ပွားခဲ့သော ဘားလမ်းဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်၍ Myanmar Witness မှ စုံစမ်းစစ်ဆေးလျှက်ရှိရာ လူမှုကွန်ရက်တွင်ထွက်ပေါ်လာသောကြေညာချက်အတုတွင် မသ င်္ကာဖွယ်ရာများအဖြစ် ဖုန်းနံပတ်ထည့်သွင်းထားခြင်း၊ တောင်းပန်စာတွင် တောင်းဆိုမှုထည့် သွင်းထားခြင်းတို့ကို တွေ့ရှိရသည်ဟုဆိုသည်။

Public Service Announcement

“Myanmar Witness အနေဖြင့် တောင်းပန်စာတစောင်တွင် တောင်းဆိုမူမထည့်သင့်ကြောင်းနှင့် တောင်းပန်စာအတုတွင် တောင်းဆိုမူထည့်ပါက စာအတုလုပ်သူတို့မှ အဆိုပါတောင်းဆိုမှုကို ရည်ရွယ်၍တိုက်ခိုက်လိုခြင်းများဟု ယူဆပါသည်” ဟု Myanmar Witness က ဖော်ပြသည်။

ထို့အပြင်PDFများထုတ်ပြန်သည်ဟုယူဆပါကFacebook ပေါ်တွင် ပျံနှံ့နေသော File ကို Download ဆွဲရာတွင် Quality ( File Size ) လျှော့ခြင်းများဖြစ်ပေါ်စေမည်ဖြစ်သည်။သို့​သော်လည်း စစ်တပ် ထောက်ခံသူများတင်ထားသော တယ်လီဂရမ်မှ ပုံအရည်အသွေးသည် များစွာ​ကောင်းမွန်​နေပြီး 174.9 KB အထိ ရှိနေသည်ကိုတွေ့ရကြောင်း Myanmar Witness က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ
ဖေစ်ဘွခ်​ပေါ်မှ ပုံတွင် ရှိသည့် ပုံအရည်အ​သွေးကိုစစ်​ဆေး ပြသထားမှု

Facebook ပေါ်တွင်ရှိနေသော ပုံများ၏ အရည်အသွေးမှာ 78.1 KB ပတ်ဝန်းကျင်သာရှိရမည်ဖြစ်သည်။ ထို​ကြောင့် Myanmar Witness ၏​တွေ့ရှိချက်အရ စာသည် ​ဖေစ်ဘွခ်တွင်စတင်ပျံ့နှံ့ခြင်းမဟုတ်ဘဲ တယ်လီဂရန်မှစတင်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။

Myanmar Witness သည် အဆိုပါဗုံးပေါက်ကွဲမူနှင့်ပတ်သက်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိရာ မိမိတွင်ရှိသော သက်သေများကို Myanmar Witness

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ
စာအတုစတင်ဖြန့်ချီ​​​သော တယ်လီဂရန်မှ ပုံ၏အရည်အ​သွေးကို စစ်​​ဆေးပြသထားမှု

( https://www.facebook.com/MyanmarWitness2021/ )သို့ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ကြောင်း နှိုးဆော်ထားသည်။ Myanmar Witness သည် မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း လူ့အခွင့်အ​ရေးချိုး​ဖောက်မှုများကို ကျူးလွန်သူများတာဝန်ခံရ​စေရန် ပုံများ၊ရုပ်သံများ၊အသံဖိုင်များစ​သောအ​ထောက်အထားများအားလုံးကို ခွဲခြမ်း​လေ့လာဆန်းစစ်၍ ခိုင်မာ​သောသက်​သေများစု​ဆောင်း​နေ​သော ​အဖွဲ့နှင့် စာမျက်နှာဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

လူမှုကွန်ရက်တွေနဲ့ ဗီဒီယို မျှဝေမှု ကွန်ရက်တွေဟာ အမေရိကန်မှာ သတင်းတွေရဲ့ ပင်မရင်းမြစ်တွေအဖြစ် စတင် နေရာယူလာကြောင်း သိရပါတယ်။

သတင်း

ဖျက်အားပြင်း​မြေငလျင်ကြီးလှုပ်​နေစဥ် မန္တ​လေးမြို့မှ မိသားစုဝင်အားလုံး​ဘေးကင်း​အောင် ​စောင့်​ရှောက်​ပေးခဲ့တဲ့ ဖခင်တစ်ဦးကို လူမှုကွန်ယက်အသုံးပြုသူ​တွေက ချီးကျူး​နေကြပါတယ်။

နိုင်ငံတကာ

အမေရိကန်က ဆန္ဒရှိတယ်ဆိုရင် ကုန်သွယ်ရေး စစ်ပွဲသာ မကဘဲ ဘယ်လို စစ်ပွဲမျိုးကိုမဆို ဆင်နွှဲဖို့ အသင့်ရှိကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။