Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင်စစ်​ကောင်စီတပ်​မှ​သေဆုံးသွား​သောစစ်သား အ​လောင်းငါး​လောင်းကိုသည်အတိုင်းပစ်ထားသွား

ပြီးခဲ့သည့်မေလ ၂၈ရက်နေ့ကဝက်လက်မြို့နယ်တွင်အင်အား၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောစစ်တပ်အား လယ်ကွင်းပြင်တစ်နေရာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြင်းဖြူရှင်ပျောက်ကြားအဖွဲ့က ပြောသည်။

ဝက်လက်မြို့နယ်တွင်စစ်​ကောင်စီတပ်​မှ​သေဆုံးသွား​သောစစ်သား အ​လောင်းငါး​လောင်းကိုသည်အတိုင်းပစ်ထားသွား
ဝက်လက်နယ်အခြေစိုက်အဖွဲ့တစ်ဖွဲ့အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်စစ်ကောင်စီတပ်စစ်ကြောင်းအား ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အကြမ်းဖက်စစ်သားငါးဦးရုပ်အလောင်းများအား စစ်တပ်က သည်အတိုင်းပစ်ထားသွားကြောင်း မြင်းဖြူရှင်ပျောက်ကြား အဖွဲ့က ပြောသည်။

ပြီးခဲ့သည့်မေလ ၂၈ရက်နေ့ကဝက်လက်မြို့နယ်တွင်အင်အား၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောစစ်တပ်အား လယ်ကွင်းပြင်တစ်နေရာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြင်းဖြူရှင်ပျောက်ကြားအဖွဲ့က ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ယမန်နေ့ မေလ ၃၁ ရက်နေ့အထိ လာရောက်သယ်ဆောင်ခြင်းမရှိဘဲ ကျီးများထိုးနေသည်ဟု မြင်းဖြူရှင်ပျောက်ကြား အဖွဲ့က ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ဝက်လက်မြို့နယ် အနောက်ခြမ်းအား စစ်ကြောင်းထိုးလျက်ရှိပြီးလက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း၊ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းသည် ယခင်လို လမ်းပေါ်မှ မသွားဘဲ လယ်ကွင်းပြင်အတိုင်းသွားလာနေသည်ဟု မြင်းဖြူရှင်ပျောက်ကြား အဖွဲ့က ပြောသည်။

ဝက်လက်နယ်အတွင်း၊ ရွှေဘို-မန္တလေးကားလမ်းပိုင်း၊ ဝက်လက်-မုံရွာကားလမ်းပိုင်းများအားည၈နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုကြရန် မြင်းဖြူရှင်ပျောက်ကြားအဖွဲ့က မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်တပ်သည် မေလဆန်းပိုင်းကဝက်လက်နယ်အရှေ့ခြမ်းအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဝက်လက်နယ်အနောက်ခြမ်းကိုပါ စစ်ကြောင်းထိုးဖျက်ဆီးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ မူးမြစ်ရေထပ်တက်လာလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။