Connect with us

Hi, what are you looking for?

သတင်း

ကစယ့်သူ့တပ်ရင်းက စစ်ကောင်စီကင်းအဖွဲ့ကို တိုက်ခိုက်

ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာလည်း သေဆုံးသွားခဲ့တယ်လို့ ကစယ့်သူးတပ်ရင်းက ဆိုပါတယ်။

ကစယ့်သူ့တပ်ရင်း
ကစယ့်သူ့တပ်ရင်း

ကေအဲန်ယူ-ဝင်းရေးမြို့နယ် ခလယ်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ ကင်းအဖွဲ့အကို ကစယ့်သူးတပ်ရင်း(တောင်ညိုတပ်ရင်း)က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က တစ်ဦးထက်မနည်းသေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်က ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝင်းရေးမြို့နယ် ခလယ်ကျေးရွာထဲကို ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ခွဲထွက်လာတဲ့ကင်းအဖွဲ့ကို ကစယ့်သူးတပ်ရင်းက တပ်စိတ်တစိတ်ထဲနဲ့ သွားရောက်ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး ဒီလို အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တစ်ဦးပွဲချင်းပြီးသေဆုံးကာ ငါးဦးခန့် အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာလည်း သေဆုံးသွားခဲ့တယ်လို့ ကစယ့်သူးတပ်ရင်းက ဆိုပါတယ်။

Public Service Announcement

အဲ့ဒီနောက်စစ်ကောင်စီတပ်ဟာ တပ်အင်အားအပြည့်ထပ်မံတိုးချဲ့ပြီး ပစ်ခတ်တိုက်ခိုက်လာခဲ့လို့ ကစယ့်သူတပ်ရင်းက ချေမှုန်းရေးတပ်စိတ်ဟာ ဆုတ်ခွာခဲ့ရကာ ဆုတ်ခွာလာစဉ်မှာ မိုးရွာသွန်းမှုကြောင့် ချောင်းရေကိုဖြတ်ချိန်မှာ ကစယ့်သူးတပ်ရင်း တပ်ခွဲ ၂ က တပ်စုမှူးဖြစ်သူရဲဘော်ကိုလာဟာ ချောင်းရေနဲ့အတူမျောပါပျောက်ဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းရေထဲမှာ မျောပါပျောက်ဆုံးသွားတဲ့ ရဲဘောကိုလာရဲ့အလောင်းကိုတော့ မနေ့ညမိုးချုပ်ချိန်မှာ တွေ့ရပြီး အထက်အကြီးအကဲကိုယ်တိုင် ရန်သူ့နယ်မြေမှာ သွားရောက်သယ်ယူခဲ့ကာ ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ အမိန့်ပြန်တမ်းနဲ့တကွ ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကစယ့်သူးစစ်ကြောင်းရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook