Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကစယ့်သူ့တပ်ရင်းက စစ်ကောင်စီကင်းအဖွဲ့ကို တိုက်ခိုက်

ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာလည်း သေဆုံးသွားခဲ့တယ်လို့ ကစယ့်သူးတပ်ရင်းက ဆိုပါတယ်။

ကစယ့်သူ့တပ်ရင်း
ကစယ့်သူ့တပ်ရင်း

ကေအဲန်ယူ-ဝင်းရေးမြို့နယ် ခလယ်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ ကင်းအဖွဲ့အကို ကစယ့်သူးတပ်ရင်း(တောင်ညိုတပ်ရင်း)က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က တစ်ဦးထက်မနည်းသေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်က ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝင်းရေးမြို့နယ် ခလယ်ကျေးရွာထဲကို ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ခွဲထွက်လာတဲ့ကင်းအဖွဲ့ကို ကစယ့်သူးတပ်ရင်းက တပ်စိတ်တစိတ်ထဲနဲ့ သွားရောက်ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး ဒီလို အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တစ်ဦးပွဲချင်းပြီးသေဆုံးကာ ငါးဦးခန့် အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာလည်း သေဆုံးသွားခဲ့တယ်လို့ ကစယ့်သူးတပ်ရင်းက ဆိုပါတယ်။

Public Service Announcement

အဲ့ဒီနောက်စစ်ကောင်စီတပ်ဟာ တပ်အင်အားအပြည့်ထပ်မံတိုးချဲ့ပြီး ပစ်ခတ်တိုက်ခိုက်လာခဲ့လို့ ကစယ့်သူတပ်ရင်းက ချေမှုန်းရေးတပ်စိတ်ဟာ ဆုတ်ခွာခဲ့ရကာ ဆုတ်ခွာလာစဉ်မှာ မိုးရွာသွန်းမှုကြောင့် ချောင်းရေကိုဖြတ်ချိန်မှာ ကစယ့်သူးတပ်ရင်း တပ်ခွဲ ၂ က တပ်စုမှူးဖြစ်သူရဲဘော်ကိုလာဟာ ချောင်းရေနဲ့အတူမျောပါပျောက်ဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းရေထဲမှာ မျောပါပျောက်ဆုံးသွားတဲ့ ရဲဘောကိုလာရဲ့အလောင်းကိုတော့ မနေ့ညမိုးချုပ်ချိန်မှာ တွေ့ရပြီး အထက်အကြီးအကဲကိုယ်တိုင် ရန်သူ့နယ်မြေမှာ သွားရောက်သယ်ယူခဲ့ကာ ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ အမိန့်ပြန်တမ်းနဲ့တကွ ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကစယ့်သူးစစ်ကြောင်းရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။