Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် ဆွေးနွေးအပေးအယူပြုလုပ်မှုမှန်သမျှ တရားမဝင်ကြောင်း NUG ကြေညာ

စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို NUG နှင့် NUGကို ဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။

စစ်ကောင်စီနှင့် ဆွေးနွေးအပေးအယူပြုလုပ်မှုမှန်သမျှ တရားမဝင်ကြောင်း NUG ကြေညာ

ယင်းသို့ ဆွေးနွေးအပေးအယူများကို NUG နှင့် NUG ကို ဆက်ခံသောမည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံမည်မဟုတ်

အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေး အယူပြုလုပ်မှုမှန်သမျှသည် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယနေ့ ထုတ်ပြန် ကြေညာသည်။

စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို NUG နှင့် NUGကို ဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။

နိုင်ငံတော်၏ စစ်မှန်သောအချုပ်အခြာအာဏာသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲမှတဆင့် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ၌သာတည်ပြီးအကြမ်း ဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မတရားသဖြင့်လုယူရန် ကြိုးစားနေသော အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်သည်ဟု ထုတ်ပြန် သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ တိုက်ရိုက်ဆင်းသက် အပ်နှင်းထားသော တရားဝင်အုပ်ချုပ်ခွင့်အာဏာ (de jure power) မရှိသည့်အပြင် တိုင်းပြည်ကို လက်တွေ့ကျကျ နိုင်နင်းစွာအုပ်ချုပ်နိုင်သော အခွင့်အာဏာ (de facto power) လည်း လုံးဝမရှိသည့် တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကမ္ဘာ့တရားခွင်တွင် ပြစ်ဒဏ်ချမှတ်ခံရမည့် အဖွဲ့အစည်းလည်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် အကြမ်းဖက်စစ်ကောင်စီခေါင်း ဆောင်သည် ထိတွေ့တိုက်ပွဲမဖြစ်ပွားသော ​ဒေသများရှိတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့နှင့် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးနေသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်သူများသည် ပြည်သူ လူထုကို သတ်ဖြတ်သည့်သွေးစွန်းသောလက်ကို အားပေးအားမြှောက်ပြုသူများ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူအချို့က သုံးသပ်ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဌ စဝ်ယွက်ဆစ်၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဌ နိုင်အောင်မင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော်(KNU/KNLA(PC))ဥက္ကဌ စောထော့လေး၊ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုဥက္ကဌ ဦးလော့ ယာကုတို့က အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာအားကစားအဖွဲ့ စေလွှတ်ခဲ့ကြောင်း ဒီကနေ့ (သြဂုတ် ၁၂)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။