Connect with us

Hi, what are you looking for?

သတင်း

လုံခြုံ​ရေးအချိန်ပြည့်ချထား​သော​နောင်ချိုပညာ​ရေးမှူးရုံးဒုတိယထပ်အစည်းအ​ဝေးခန်းအတွင်းဗုံး​ပေါက်ကွဲမှု စစ်​ကောင်စီလက်ချက်ဟု ​ဒေသခံများ​ပြော

ရုံးအတွင်းနှင့် အပြင်၌ အချိန်ပြည့်လုံခြုံ​ရေးချထား​​သော​နောင်ချိုပညာ​ရေးမှူးရုံး၏ အ​​ပေါ်ထပ်အစည်းအ​ဝေးခန်းမတွင် ​ဗုံးပေါက်ကွဲခြင်းသည်စစ်​ကောင်စီတပ်လက်ချက်သာဖြစ်​ကြောင်း ​ဒေသခံများက​ပြောသည်။

လုံခြုံ​ရေးအချိန်ပြည့်ချထား​သော​နောင်ချိုပညာ​ရေးမှူးရုံးဒုတိယထပ်အစည်းအ​ဝေးခန်းအတွင်းဗုံး​ပေါက်ကွဲမှု စစ်​ကောင်စီလက်ချက်ဟု ​ဒေသခံများ​ပြော
ဗုံး​ပေါက်ကွဲပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်

ရုံးအတွင်းနှင့် အပြင်၌ အချိန်ပြည့်လုံခြုံ​ရေးချထား​​သော​နောင်ချိုပညာ​ရေးမှူးရုံး၏ အ​​ပေါ်ထပ်အစည်းအ​ဝေးခန်းမတွင် ​ဗုံးပေါက်ကွဲခြင်းသည်စစ်​ကောင်စီတပ်လက်ချက်သာဖြစ်​ကြောင်း ​ဒေသခံများက​ပြောသည်။

“ကျောင်းဝင်းအတွင်းအပြင်နေရာစုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ကြားကနေ ကျောင်းရဲ့ အပေါ်ထပ်မှာ ဖြစ်ခဲ့တာ။ ဒါဟာ စစ်တပ်လက်ချက်ပဲ”ဟု ကျောင်း၏အခြေအနေကို သိရှိထားသည့် ​ဒေသခံတစ်တစ်ဦးကPeople’s Spring သို့ပြောသည်။

​နောင်ချိုမြို့နယ်ပညာရေးမှူးရုံး၏ဒုတိယထပ်တွင်ရှိ​သောအစည်းအ​ဝေးခန်းတွင်မေ၃၁ရက်နံနက်ကဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ​ကျောင်းအုပ်ဆရာမတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သည်။ ထိုရုံးအတွင်းသို့အပြင်လူဝင်မရသလို၊ အပြင်က​နေလည်း အစည်းအ​ဝေးခန်းအတွင်းသို့ဗုံးပစ်သွင်း၍ မရသဖြင့် စစ်​ကောင်စီတပ်က အကွက်ဆင်​ဖောက်ခွဲခဲ့ခြင်းသာဖြစ်​ကြောင်း အခြား​ဒေသခံတစ်ဦးကလည်း​ပြောသည်။

Public Service Announcement

“ကိုယ့်နောင်ချိုက PDF တွေကိုကိုယ်ယုံတယ်။သူတို့လုပ်ရင်တော့ စစ်ရေးပစ်မှတ်တွေပဲလုပ်မှာ။ အခုက စစ်သားရော ရဲရော လုံခြုံရေးအထပ်ထပ် ချထားတဲ့ကျောင်းမှာမှ အပေါ်ထပ်မှာပေါက်ကွဲတာ”ဟု​ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဗုံး​ပေါက်ကွဲမှု​ကြောင့်အသက် ၅၃နှစ်အရွယ်မူလတန်းပြကျောင်းအုပ်ဆရာမဒေါ်စောခင်ချိုချိုသေဆုံးခဲ့သည်။ ထို့အပြင် လက်ထောက်မြို့နယ်ပညာရေးမှူး၁ ဦး၊ ကျောင်းအုပ်ဆရာမ ၆ ဦး၊အရပ်သားဝန်ထမ်း၁ဦးစုစုပေါင်း ၈ ဦးဒဏ်ရာရခဲ့သည်။

“ပေါက်ကွဲမှုက အရမ်းပြင်းတယ်။ အမိုးပါပွင့်ထွက်သွားတာ။ စာရွက်စာတမ်းတွေလည်း ပျက်စီးတယ်။ PDF ကတော့ ဒီလို ပြည်သူတွေ ထိခိုက်မှာမျိုး လုံးဝမလုပ်ဘူး”​ဒေသခံတစ်ဦးက​ပြောသည်။

ဗုံး​ပေါက်ကွဲမှုဖြစ်ပွားပြီး​နောက် ​ပညာ​ရေးမှူးရူံးမှ အငြိမ်းစားစာ​ရေးကြီးတစ်ဦးအပါအဝင် မြို့ခံ ​လေး၊ငါးဦးကို စစ်​ကောင်စီတပ်က ဖမ်းဆီးထား​ကြောင်း​ဒေသခံများက​ပြောသည်။

“မြို့‌ပေါ်မှာတော့ ညဘက်တွေမှာ အပြင်ထွက်လို့ မရတော့ဘူး။ မနေ့ညကပဲ အပြင်ထွက်တဲ့သူ တစ်ယောက်အရိုက်ခံရတယ်” ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများကို တိုက်ခိုက်လာပြီး စစ်ရာဇဝတ်အမှုအသစ်များ ထပ်မံကျုးလွန်လာကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး(Amnesty International )က အစီရင်ခံစာတစ်စောင် ယမန်နေ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်​ကောင်စီတပ်က ယ​နေ့ပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ဘားလမ်းဗုံး​ပေါင်ကွဲမှုကို PDF လက်ချက်ဟု စွပ်စွဲပြီး ၊​နောင်ချို ပညာ​ရေးမှူးရုံး​ပေါက်ကွဲမှုကို NLD ပါတီဝင်များလက်ချုပ်ဟုစွပ်စွဲထားသည်။ ထူးခြားမှုမှာ ဗုံး​ပေါက်ကွဲမှု နှစ်ခုစလုံးစစ်​ကောင်စီ သတင်းစာရှင်းလင်းပွဲမတိုင်ခင် တစ်ရပ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်​ကောင်စီတပ်က အခင်းဖြစ်ပြီး ၂၄ နာရီပင်မပြည့်ခင်မည်သူတရားခံဟု​ပြော​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။