Connect with us

Hi, what are you looking for?

သတင်း

လုံခြုံ​ရေးအချိန်ပြည့်ချထား​သော​နောင်ချိုပညာ​ရေးမှူးရုံးဒုတိယထပ်အစည်းအ​ဝေးခန်းအတွင်းဗုံး​ပေါက်ကွဲမှု စစ်​ကောင်စီလက်ချက်ဟု ​ဒေသခံများ​ပြော

ရုံးအတွင်းနှင့် အပြင်၌ အချိန်ပြည့်လုံခြုံ​ရေးချထား​​သော​နောင်ချိုပညာ​ရေးမှူးရုံး၏ အ​​ပေါ်ထပ်အစည်းအ​ဝေးခန်းမတွင် ​ဗုံးပေါက်ကွဲခြင်းသည်စစ်​ကောင်စီတပ်လက်ချက်သာဖြစ်​ကြောင်း ​ဒေသခံများက​ပြောသည်။

လုံခြုံ​ရေးအချိန်ပြည့်ချထား​သော​နောင်ချိုပညာ​ရေးမှူးရုံးဒုတိယထပ်အစည်းအ​ဝေးခန်းအတွင်းဗုံး​ပေါက်ကွဲမှု စစ်​ကောင်စီလက်ချက်ဟု ​ဒေသခံများ​ပြော
ဗုံး​ပေါက်ကွဲပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်

ရုံးအတွင်းနှင့် အပြင်၌ အချိန်ပြည့်လုံခြုံ​ရေးချထား​​သော​နောင်ချိုပညာ​ရေးမှူးရုံး၏ အ​​ပေါ်ထပ်အစည်းအ​ဝေးခန်းမတွင် ​ဗုံးပေါက်ကွဲခြင်းသည်စစ်​ကောင်စီတပ်လက်ချက်သာဖြစ်​ကြောင်း ​ဒေသခံများက​ပြောသည်။

“ကျောင်းဝင်းအတွင်းအပြင်နေရာစုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ကြားကနေ ကျောင်းရဲ့ အပေါ်ထပ်မှာ ဖြစ်ခဲ့တာ။ ဒါဟာ စစ်တပ်လက်ချက်ပဲ”ဟု ကျောင်း၏အခြေအနေကို သိရှိထားသည့် ​ဒေသခံတစ်တစ်ဦးကPeople’s Spring သို့ပြောသည်။

​နောင်ချိုမြို့နယ်ပညာရေးမှူးရုံး၏ဒုတိယထပ်တွင်ရှိ​သောအစည်းအ​ဝေးခန်းတွင်မေ၃၁ရက်နံနက်ကဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ​ကျောင်းအုပ်ဆရာမတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သည်။ ထိုရုံးအတွင်းသို့အပြင်လူဝင်မရသလို၊ အပြင်က​နေလည်း အစည်းအ​ဝေးခန်းအတွင်းသို့ဗုံးပစ်သွင်း၍ မရသဖြင့် စစ်​ကောင်စီတပ်က အကွက်ဆင်​ဖောက်ခွဲခဲ့ခြင်းသာဖြစ်​ကြောင်း အခြား​ဒေသခံတစ်ဦးကလည်း​ပြောသည်။

Public Service Announcement

“ကိုယ့်နောင်ချိုက PDF တွေကိုကိုယ်ယုံတယ်။သူတို့လုပ်ရင်တော့ စစ်ရေးပစ်မှတ်တွေပဲလုပ်မှာ။ အခုက စစ်သားရော ရဲရော လုံခြုံရေးအထပ်ထပ် ချထားတဲ့ကျောင်းမှာမှ အပေါ်ထပ်မှာပေါက်ကွဲတာ”ဟု​ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဗုံး​ပေါက်ကွဲမှု​ကြောင့်အသက် ၅၃နှစ်အရွယ်မူလတန်းပြကျောင်းအုပ်ဆရာမဒေါ်စောခင်ချိုချိုသေဆုံးခဲ့သည်။ ထို့အပြင် လက်ထောက်မြို့နယ်ပညာရေးမှူး၁ ဦး၊ ကျောင်းအုပ်ဆရာမ ၆ ဦး၊အရပ်သားဝန်ထမ်း၁ဦးစုစုပေါင်း ၈ ဦးဒဏ်ရာရခဲ့သည်။

“ပေါက်ကွဲမှုက အရမ်းပြင်းတယ်။ အမိုးပါပွင့်ထွက်သွားတာ။ စာရွက်စာတမ်းတွေလည်း ပျက်စီးတယ်။ PDF ကတော့ ဒီလို ပြည်သူတွေ ထိခိုက်မှာမျိုး လုံးဝမလုပ်ဘူး”​ဒေသခံတစ်ဦးက​ပြောသည်။

ဗုံး​ပေါက်ကွဲမှုဖြစ်ပွားပြီး​နောက် ​ပညာ​ရေးမှူးရူံးမှ အငြိမ်းစားစာ​ရေးကြီးတစ်ဦးအပါအဝင် မြို့ခံ ​လေး၊ငါးဦးကို စစ်​ကောင်စီတပ်က ဖမ်းဆီးထား​ကြောင်း​ဒေသခံများက​ပြောသည်။

“မြို့‌ပေါ်မှာတော့ ညဘက်တွေမှာ အပြင်ထွက်လို့ မရတော့ဘူး။ မနေ့ညကပဲ အပြင်ထွက်တဲ့သူ တစ်ယောက်အရိုက်ခံရတယ်” ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများကို တိုက်ခိုက်လာပြီး စစ်ရာဇဝတ်အမှုအသစ်များ ထပ်မံကျုးလွန်လာကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး(Amnesty International )က အစီရင်ခံစာတစ်စောင် ယမန်နေ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်​ကောင်စီတပ်က ယ​နေ့ပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ဘားလမ်းဗုံး​ပေါင်ကွဲမှုကို PDF လက်ချက်ဟု စွပ်စွဲပြီး ၊​နောင်ချို ပညာ​ရေးမှူးရုံး​ပေါက်ကွဲမှုကို NLD ပါတီဝင်များလက်ချုပ်ဟုစွပ်စွဲထားသည်။ ထူးခြားမှုမှာ ဗုံး​ပေါက်ကွဲမှု နှစ်ခုစလုံးစစ်​ကောင်စီ သတင်းစာရှင်းလင်းပွဲမတိုင်ခင် တစ်ရပ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်​ကောင်စီတပ်က အခင်းဖြစ်ပြီး ၂၄ နာရီပင်မပြည့်ခင်မည်သူတရားခံဟု​ပြော​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။