Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် “မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ”ကျိန်စာ စာသားအား အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲ

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး အဖမ်းအဆီးများနေချိန်မှာပင် “မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ” ပြည်သူ့ကျိန်စာ စာသားအား ဝေဒပညာရှင်များ၏ ညွှန်ကြားစီရင်ပေးသည့် အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တွင် "မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ"ကျိန်စာ စာသားအား အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲ
ဓာတ်ပုံ - OCTOPUS

ရန်ကုန်မြို့ရှိ မီးရထားလမ်း ခုံးကျော်တံတားတစ်ခုပေါ်တွင် ယနေ့(ဇွန်လ ၁) နေ့လယ်ပိုင်း၌ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ လူငယ်များက ​စစ်အာဏာရှင်ကျဆုံးရေး ပြည်သူ့ကျိန်စာ စာသားအား ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး အဖမ်းအဆီးများနေချိန်မှာပင် “မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ” ပြည်သူ့ကျိန်စာ စာသားအား ဝေဒပညာရှင်များ၏ ညွှန်ကြားစီရင်ပေးသည့် အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။

“မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ” စာသားသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်း ကိုင်ဆောင်ချီတက်ခဲ့သော စာသားဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကို စစ်ကိုင်းတိုင်း၊ ကရင်နီပြည်၊ မကွေးတိုင်း၊ ချင်းပြည်၊ ရှမ်းပြည် (တောင်ပိုင်း)၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်း အစရှိသည့် ဒေသများ၌ ခံစားနေရပြီး တစ်နှစ်ကျော်ကာလအတွင်း စာရင်းဇယားများအရ မီးရှို့ခံရသည့် ဒေသခံပြည်သူများ၏ နေအိမ် ခန့်မှန်းခြေ ၁၄,၀၀၀ကျော်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook