Hi, what are you looking for?
အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားပေမယ့် စစ်တပ်စစ်ကြောင်းတွေလန်ကျပြီး အထိနာနေချိန်မှာ AA သိမ်းပိုက်ထားတဲ့ဒေသတွေက ဈေးတွေ၊တံတားတွေ၊စစ်ရှောင်စခန်းတွေ ၊ဆေးခန်းတွေ၊နေအိမ်တွေကိုပါ ပစ်မှတ်ထားပြီးလေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်နေ့ကနေ အောက်တိုဘာ...
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ပါးနဲ့ ပြည်သူ ၁ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။