Connect with us

Hi, what are you looking for?

သတင်း

KNPP အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်

ကရင်နီအမျိုးသားရေးနဲ့တော်လှန်ရေးအတွက် ဘဝသက်တမ်းတစ်လျှောက်လုံးပါဝင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူးဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဓာတ်ပုံ - KNPP

မေ-၁၃၊၂၀၂၆။မိုမို/People’s Spring

ကရင်နီအမျိုးသားရေးနဲ့တော်လှန်ရေးအတွက် ဘဝသက်တမ်းတစ်လျှောက်လုံးပါဝင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူးဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

အသက်(၈၂)နှစ်အရွယ် ခွန်းရီမာန်ထူးဟာ မေလ ၁၀ရက် ညနေ ၅ နာရီ ၅၄မိနစ်မှာ ကွယ်လွန်သွားခဲ့ရာ တော်လှန်ရေးအဖွဲ့တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ KNPP က ဆိုပါတယ်။

” ကရင်နီခုခံတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါတယ်။ အားတက်သရောတာဝန်ကျေပွန်အောင်ထမ်းဆောင်တဲ့ ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တယ်။၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဖြစ်ထွန်းလာတဲ့ ပြည်နယ်မှာရှိနေတဲ့လူငယ်အင်အားစုတွေ ပြည်သူလူထုတော်လှန်ရေးမှာလည်း သူနိုင်တဲ့ဘက်ကနေ ပါဝင်ခဲ့တယ်။အသက်ကြီးပေမယ့် သူသိသလောက် ကျွန်တော်တို့ ကရင်နီပြည်နယ် မှာသွားနေတဲ့ ဖယ်ဒရယ်တည်ဆောက်ရေးမှာ ပါဝင်ပူးပေါင်းတာရှိတယ်”လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ခွန်းရီမာန်ထူးရဲ့ စျာပနကို မနေ့က မေလ ၁၂ရက်မှာ လွတ်မြောက်နယ်မြေတနေရာမှာ ဂူသွင်းသဂြိုလ်တာလုပ်ခဲ့တယ်လို့ KNPP က အသိပေးပါတယ်။

“လူငယ်တွေရဲ့ အခန်းကဏ္ဍကို အရမ်းအားပေးတဲ့သူ။လူငယ်တွေကို ကြုံရင်ကြုံသလိုအားပေးတယ် “လို့ ခွန်းရီမာန်ထူးနဲ့ပတ်သက်လို့ ဦးဗညားက ရှင်းပြပါတယ်။

၁၉၄၄ ဒီဇင်ဘာ ၁၉ ရက်က မိုးဗြဲမြို့အနီး စနှိုက်ကျေးရွာမှာ ခွန်းရီမာန်ထူးကို မွေးဖွားခဲ့ပြီး ၁၉၇၅ သြဂုတ် ၂၂ရက်မှာ ကရင်နီခုခံတော်လှန်ရေးအဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးနယ်မြေမှာ ကျောင်းဆရာနဲ့ တော်လှန်ရေးတာဝန်ထမ်းဆောင်းခဲ့ပြီး ၁၉၈၀ ၊ ၈၁တွေမှာ ကရင်နီအမျိုးသားတော်လှန်ရေးအဖွဲ့ တရားရေးဌာန၊နိုင်ငံတော်တရားရေးဌာနတာဝန်ခံအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။

အဲဒီနောက် ၁၉၈၂မှာ KNPP ပါတီဗဟို ကော်မတီဝင်အဖြစ် ရွေးချယ်ခံရပြီး အမြဲတမ်းပါတီဗဟိုကော်မတီဝင်အဖြစ် ၂၀၀၉မှာ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုက​ရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF ကို မတ်လ ၃၀ ရက်မှာကချင်လွတ်လပ်​ရေးအဖွဲ့( KIO)၊ကရင်အမျိုးသားအစည်းအရုံး( KNU)၊ကရင်နီ အမျိုးသားတိုးတက်​ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) ၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ကနဦးဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်၊ ကချင်၊ကရင်နီ၊ချင်းတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တို့ တွေ့ဆုံပြီး တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရေးကိစ္စ​တွေကို ဆွေးနွေးခဲ့ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ပထမဆုံးအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီး ဒုတိယဥက္ကဌ အပါအဝင် အထွေထွေအတွင်းရေးမှူး၊အတွင်းရေးမှူးတွေနဲ့ဗဟိုအလုပ်မှုဆောင်တွေကို ရွေးချယ်ခဲ့တယ်လို့ ဒီကနေ့(ဇန်နဝါရီ ၂၈ရက်)မှာ ထုတ်ပြန်ပါတယ်။