Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်တပ်က တစ်ရက်တည်း လေကြောင်းကနေ ၁၁ကြိမ်ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း ချင်းတောင်ပိုင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

(မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်)

မေ ၁၃၊ ၂၀၂၀၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း ချင်းတောင်ပိုင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့ကို မေလ ၁၁ရက်ည သန်းခေါင်ယံမှ မေလ ၁၂ရက် ည ၆နာရီခွဲအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁ကြိမ် ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

မေလ ၁၁ရက် ည ၁၁နာရီ ၄၅မှာ မင်းတပ်မြို့ပေါ် တနေရာကို တိုက်လေယာဉ်နဲ့ ၂ကြိမ်၊ မေလ ၈ရက် မနက်မှာ မင်းတပ်မြို့အနီး ၂ကြိမ်၊ မနက် ၁၁နာရီ မှာ မင်းတပ်မြို့ပေါ်ကို ၂ကြိမ်၊ ည ၆နာရီခွဲမှာ မင်းတပ်မြို့ပေါ်ကို ၅ကြိမ် လေကြော်ငး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ် ပြုလုပ်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးကာ အရပ်သား နေအိမ် ၁၅လုံး၊ အစိုးရရုံးဌာန အဆောက်အဦ (၁၀)ခု၊ မော်တော်ယာဉ် (၄) စီး ပျက်စီးမှုရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ပြည်သူများအနေဖြင့် လက်ရှိအချိန်အတောတွင်း လူစုလူတွေးများရှောင်ရှားပြီး မိမိတို့နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိကာ ထောက်လှမ်းရေးဒရုန်းများ၊ ကင်းထောက်လေယာဉ်များ၊ လေကြောင်းသတင်းများကို နားစွင့်၍ လေကြောင်းသတိထားနေထိုင်ကြပါရန် ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် တိုက်တွန်းနှိုးဆော် အပ်ပါသည်” လို့လည်း ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့ကို အခု မေလအတွင်းမျာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒီလို တိုက်ခိုက်ရာမှာ လေကြောင်းတိုက်ခိုက်ခံရမှု ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်းလည်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က အသိပေးထားပါတယ်။

မေလ ၈ရက်မှာလည်း စစ်တပ်က မင်းတပ်မြို့တနေရာကို လေကြောင်းကနေ ဗုံးကြဲပြီး ဒရုန်းနဲ့ စောင့်ကြည့်ကာ နေ့လည်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်သူတွေကို မီးလောင်ဗုံးတွေသုံး တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပြီး ဆလိုင်းယောမာန်က အခုလို သတိပေးချက်ကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

” ၂၀၂၁ – ၂၀၂၃ စစ်ကောင်စီ ဗုံးကြဲပြီးသွားတာနဲ့… ဒေသခံတွေ ကယ်ဆယ်ရေးလုပ်ကြ၊ ဒဏ်ရာရသူတွေဆွဲထုတ်ကြ၊ ကူညီကြတယ်။ လေကြောင်း ထပ်ဆင့်မလာတော့ဘူး။၂၀၂၄-၂၀၂၅ … စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ ဗုံးကြဲပြီး ၁၅ မိနစ်၊ နာရီဝက်အကြာ… ဒေသခံတွေ မီးငြိမ်းနေတုန်း၊ ဒဏ်ရာရသူတွေ ဆွဲထုတ်နေတုန်း၊ ကူညီကယ်ဆယ်ရေးလုပ်နေတုန်း.. အချိန်ကိုက် နောက်တစ်ကြိမ် ဗုံးလာကြဲတယ်။၂၀၂၆ – စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ ဗုံးကြဲပြီး… နာရီ ၃ ချက်လောက် ဒေသခံတွေ စောင့်ကြည့်တယ်။ ဘာမှ လှုပ်ရှားမှု မရှိဘူး။ ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေ ဆွဲထုတ်နေတာလုပ်တယ်။ စကမ က အဲဒီလို လူစုလူဝေး ရှိ မရှိကို ဒရုန်းနဲ့စောင့်ကြည့်တယ်။ ပြီးမှ… လူစုလူဝေးရှိရာနေရာကို စောင့်ကြည့်ပြီး ထပ်ဗုံးကြဲတယ်” လို့ ဆလိုင်းယောမာန်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု အတွေ့အကြုံတွေကို ပြောထားပါတယ်။

စစ်တပ်ရဲ့ ဒရုန်းရန်ကို သတိထားဖို့ ၊ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ အမြန်လုပ်ဆောင်ပြီး အမြန်လူစုခွဲဖို့ သတိပေးပါတယ်။

“ကယ်ဆယ်ရေးလုပ်နေတုန်းမှာလည်း.. သတိရှိပါ။ လူထုအနေနဲ့…. လူစုလူဝေး တတ်နိုင်သမျှ ရှောင်ပါ။ ဆိုင်ကယ်တွေ အစုလိုက်အပုံလိုက်ရပ်တာ၊ ကားတွေ အစုလိုက်ရပ်တာမျိုး ရှောင်ပါ။ လေကြောင်းသတင်း အမြဲနားစွင့်ပြီး… ကိုယ်ရောက်တဲ့နေရာတိုင်း အနီးအနားမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်း၊ ရေမြောင်း၊ ရေပြွန်၊ ဗုံးဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေ ရှိ မရှိ လေ့လာမှတ်သားပါ။ သတိ/အသိနဲ့ တော်လှန်ကြပါစို့” လို့ ဆလိုင်းယောမာန်က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။