Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်မှုတွေ ဆက်ရှိနေရင် စစ်တပ်ရွေးကောက်ပွဲကို အာဆီယံအသိအမှတ်ပြုဖို့ ခဲယဥ်းနေမယ်လို့ ဆို

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။

မကြာသေးမီက အာဆီယံအစည်းအဝေးတစ်ခုမှာ တွေ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး။ ဓာတ်ပုံ - ASEAN

မေ-၁၃၊ ၂၀၂၆။ People’s Spring

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပြီးခဲ့တဲ့ ဧပြီ ၁ရက်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဆီကို စာရေးသားပေးပို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုရဲ့ အကြောင်းပြန်စာထဲမှာတော့ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးဟာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး အကြမ်းဖက်မှုလျော့ကျရေး၊ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးရေးနဲ့ ကြားဝင်ဖျန်ဖြေရေးတို့ဆီ ဦးတည်တဲ့ တိုးတက်မှုတွေ ဖြစ်လာမှာလည်းဖြစ်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ဆီ ပေးပို့စာ။ ဓာတ်ပုံ – Yangon Hluttaw

အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေးအတွက် သံတမန်လမ်းကြောင်းတွေကတဆင့်လည်း တစိုက်မတ်မတ်တောင်းဆိုနေတယ်လို့ ရန်ကုန်လွှတ်တော်က ထုတ်ပြန်တဲ့ အထူးကိုယ်စားလှယ်ရဲ့ စာမှာ ပါရှိပါတယ်။

တဖက်မှာလည်း အာဆီယံဟာ ဘုံသဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နဲ့လည်း ထိတွေ့ဆက်ဆံမှု ဆက်ရှိနေမယ့်အကြောင်း အထူးကိုယ်စားလှယ်က အသိပေးပါတယ်။

ဒါပေမဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်က ဘုံသဘောတူညီချက် ၅ရပ်ကို ပြည့်ဝထိရောက်စွာ အကောင်အထည်ဖော်ဖို့ ရှင်းလင်းပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေ မရှိဘူးဆိုရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံက ရှုမြင်ကြောင်း အထူးကိုယ်စားလှယ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီက ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးမှာ အာဆီယံက စစ်တပ်ရွေးကောက်ပွဲတွေနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အသိအမှတ်ပြုဖို့ ဘုံသဘောတူညီချက် မရရှိခဲ့ဘူးလို့ အထူးကိုယ်စားလှယ်က အသိပေးပါတယ်။

အာဆီယံအနေနဲ့ လူထုခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကို ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အရွေ့တခု အဖြစ် ရှုမြင်ကြောင်းနဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲများအပေါ် အာဆီယံအဖွဲ့အစည်း အတွင်း သဘောတူညီမှုမရှိကြောင်း ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ကို အသိပေးပြန်ကြားလာခြင်းက ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ သံတမန်ရေးရာ ထိတွေ့ဆက်ဆံခြင်း အောင်မြင်မှုနဲ့ နိုင်ငံ တကာ မျက်နှာစာမှာ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေရဲ့ အခန်းကဏ္ဍ မြင့်မားလာမှုကို ပြသနေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။