မေ-၁၃၊၂၀၂၆ ၊တေဇ /People’s Spring
Walk For Peace မှာပါဝင်ခဲ့တဲ့ မြန်မာဆရာတော်နဲ့ အဖွဲ့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက် ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
Walk For Peace ဆရာတော်အဖွဲ့က ကုလသမဂ္ဂဌာနချုပ် (UN Headquarters) မှာ ပြုလုပ်တဲ့ (International Day of Vesak) အခမ်းအနားကို တတ်ရောက်ခဲ့တာဖြစ်ပြီး မြန်မာဆရာတော် အရှင်သီလနန္ဒာ (တက္ကဆပ်ပြည်နယ်) ၊ မြေဇင်းတောရဆရာတော် ဦးပရမ နဲ့ ဗာဂျီးနီးယားပြည်နယ် ဆရာတော် ဦးကုမုဒ တို့က ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးကို ကြွရောက်ခဲ့တာလို့သိရပါတယ်။
တွေ့ဆုံပွဲမှာ ဆရာတော်တွေက “Walk for Peace” ခရီးရှည်ကြီးရဲ့ ရည်မှန်းချက်တွေ အောင်မြင်စွာ အထမြောက်ခဲ့မှု၊ မြန်မာပြည်သူတွေ အတွက် စိတ်ခွန်အား ဖြစ်စေခဲ့မှု နဲ့ ကမ္ဘာ့ပြည်သူတွေ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လျှောက်လှမ်းပြနိုင်ခဲ့မှုတွေကို မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ဦးကျော်မိုးထွန်းနဲ့ မြန်မာအဖွဲ့ရုံး ဝန်ထမ်းတွေက ဆရာတော်တွေကို နဝကမ္မအလှူငွေတွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်တွေက မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာစေဖို့ ဆုတောင်းကာ ရေစက်ချ အမျှဝေခဲ့တယ်လို့ သိရပါတယ်။


























































