Connect with us

Hi, what are you looking for?

သတင်း

အာဆီယံရဲ့ခွဲခြားဆက်ဆံမှုကိုခံနေရတယ်လို့အာဏာသိမ်းစစ်အုပ်စုဆို

အာဆီယံသည်ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေပြီးမြန်မာနိုင်ငံ အပေါ်ခွဲခြားဆက်ဆံနေတယ်လို့အာဏာသိမ်းခေါင်းဆောင်ရဲ့လက် အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနကတုံ့ပြန်ပါတယ်။

၂၀၂၃ခုနှစ်၊အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးမှာမြန်မာထိုင်ခုံကိုတွေ့ရပုံ။ ဓာတ်ပုံ - EPA

မေ – ၁၃၊ ၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

အာဆီယံသည်ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေပြီးမြန်မာနိုင်ငံ အပေါ်ခွဲခြားဆက်ဆံနေတယ်လို့အာဏာသိမ်းခေါင်းဆောင်ရဲ့လက် အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနကတုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့အာဆီ​ယံထိပ်သီးအစည်း အဝေးကိုအာဏာသိမ်းခေါင်းဆောင်ပိုင်းတက်ရောက်ခွင့်ထပ်မံမရရှိတဲ့နောက်အခုလိုတုံ့ပြန်ချက်ထွက်ပေါ်လာတာပါ။

အာဆီယံအဖွဲ့နိုင်ငံအချို့ဟာကန့်သတ်မှုတွေ၊ခွဲခြားဆက်ဆံမှုတွေ၊ချန်လှန်ထားတာတွေဆက်လက်ပြုလုပ်နေပြီးအာဆီယံအဖွဲ့ကြီးရဲ့အခြေခံမှုတွေကိုဖောက်ဖျက်ပြီးအဖွဲ့ဝင်တစ်နိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်တာ၊ဝေဖန်ပြောဆိုတာ၊ဖိအားပေးတာတွေလုပ်ဆောင်နေတယ်လို့အာဏာ သိမ်းခေါင်းဆောင်ရဲ့လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဟာစစ်အာဏာသိမ်းမှုအောက်ကမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ နိုင်ငံရေးအရမကျေလည်မှုတွေ၊ပဋိပက္ခတွေကိုဖြေရှင်းရာမှာဘုံသဘော တူညီချက်ငါးချက်ကို ကိုင်စွဲထားဆဲလို့ဆိုထားပါတယ်။

ထိပ်သီးအစည်းအဝေးအပြီးအာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်သမ္မတ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမြန်မာအာဏာသိမ်းခေါင်းဆောင်ဟာ ဘုံသဘောတူညီချက်ငါးရပ်ကိုလက်ခံခဲ့ပေမယ့်လက်တွေ့အကောင် အထည်ဖော်တာမရှိဘူးလို့ အသိပေးပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းမြန်မာစစ်အုပ်စုဘက်ကဘုံသဘောတူညီချက်ငါးရပ်ကိုကျင့်သုံးတယ်လို့ပြောနေပေမ​ယ့် “လက်တွေ့ တိုးတက်လာတာမျိုးတွေကိုမမြင်ခဲ့ရပါဘူး” လို့ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်က ဆိုပါတယ်။

ဒါအပြင်ဖမ်းဆီးအကျဉ်းချခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့အာဆီယံရဲ့တောင်းဆိုချက်ဟာလည်းတိုးတက်မှုမရှိဘူးလို့ မားကို့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က “တော်တော်ကြီး စိတ်ပျက်ကြောင်း ပြနေပါတယ်”လို့ ဖိလစ်ပိုင်သမ္မတ က သတင်းစာရှင်းလင်းပွဲမှာသတင်းမီဒီယာတွေရဲ့မေးမြန်းမှုကိုဖြေကြားရာမှာထည့်သွင်းအသိပေးသွားပါတယ်။

ဒါပေမယ့်ဘယ်နိုင်ငံတွေလဲဆိုတာကိုတော့ထည့်သွင်းအသိမပေးသွားပါဘူး။

အာဏာသိမ်းပြီးလပိုင်းအကြာဧပြီလမှာအာဏာသိမ်းမြန်မာစစ်ခေါင်း ဆောင်ကိုအာဆီယံရုံးချုပ်အခြေစိုက်ရာအင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့ဆီအာဆီယံနိုင်ငံခေါင်းဆောင်တွေကခေါ်ယူတွေ့ဆုံကာမြန်မာနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့အတွက်ဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ပါတယ်။

အဲဒီဘုံသဘောတူညီချက်ကိုအာဏာသိမ်းစစ်ခေါင်းဆောင်က အကောင် အထည်မဖော်ပေးတာကြောင့်အာဆီယံထိပ်သီးအစည်းအဝေးတွေမှာစစ်ကောင်စီခေါင်းဆောင်ပိုင်းတွေကိုအစည်းအဝေးတက်ရောက် ခွင့်ပိတ်ပင်ထားတာပါ။

ဘုံသဘောတူညီချက်ငါးချက်ထဲမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ ၊ သက်ဆိုင်သူတွေတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၊ မြန်မာ့အရေးမှာ အာဆီယံ ကိုယ်စားလှယ်က ကြားဝင်ဖြေရှင်းပေးဖို့ ၊ အာဆီယံ ကိုယ်စားလှယ်ကိုသက်ဆိုင်သူတွေတွေ့ဆုံခွင့်ပေးဖို့ ၊အာဆီယံကမြန်မာနိုင်ငံကိုလူသားချင်းစာနာမှု အကူအညီတွေပေးဖို့အချက်တွေပဲဖြစ်ပါတယ်။

ဒီအချက်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင်ကအကောင်အထည်မဖော်လို့အာဆီယံ ထိပ်သီးအစည်းတက်ခွင့်ပိတ်ခံရတာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

Facebook