Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သက်ကြီးရွယ်အိုတစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

(လက်နက်ကြီးကျခဲ့သည့် ရှမ်းထူးရွာကို စစ်တပ်က ၂၀၂၃ ဇွန်လမှာ မီးရှို့ဖျက်ဆီးခဲ့စဉ်။ ဓါတ်ပုံ Chaung U Revolution)

မေ ၁၃၊ ၂၀၂၆ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

မနေ့က မေလ ၁၂ ရက် ညနေ ၄ နာရီခန့်က ချောင်းဦးမြို့ပေါ်က စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်လို့ ရှမ်းထူးကျေးရွာအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲကာ လူထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“တစ်ယောက်သေတယ်။ ၂ ယောက်က ဆေးရုံမယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ အသက် ၈၀ ခန့်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူမှာ အသက် ၃၀ အရွယ် လင်မယားနှစ်ဦးဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လူနေအိမ် ၂ လုံးပါ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရှမ်းထူးရွာဟာ ပြီးခဲ့တဲ့မတ်လအတွင်းကလည်း စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။ ဒါ့အပြင် လက်နက်ကြီးကျလို့ လူထိခိုက်သေဆုံးမှုတွေလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၉ ရက်ကလည်း ချောင်းဦးနဲ့နယ်မြေချင်းထိဆက်နေတဲ့ မုံရွာမြို့နယ်မှာ အမြောက်တပ်ကနေလက်နက်ကြီး ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်လို့ ဘူးတောင့်ကန်ကျေးရွာ လက်နက်ကြီးကျပြီး (၅)နှစ်အရွယ်ကလေးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးကာ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။