Hi, what are you looking for?
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အလုံးစုံ ဖျက်သိမ်းရေးအတွက် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရတွေကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။
လန်ဒန်မြို့မှာပြုလုပ်ခဲ့တဲ့ ချမ်းချမ်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ် က ခွန်အားဖြည့်မိငယ်သီချင်းကို ဂစ်တာတီးပြီးဖျော်ဖြေပေးခဲ့ပါတယ်။
ရောမမြို့မှာ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကတော့ ပုပ်ရဟန်းမင်းကြီးကို ဘီးတပ်ကုလားထိုင်ပေါ်မှာ ပထမဆုံးအကြိမ် လူသိရှင်ကြား တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ညာဖက်ဒူးက အရွတ်တွေမှာ နာကျင်တာကို လပေါင်းအတော်ကြာ ခံစားနေခဲ့ရကြောင်း ဗာတီကန်နန်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။
ထီးလင်း PDFသည် ဧပြီ ၁၇ရက်က ထီးလင်းမြို့နယ် ကျင်းရွာ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ကျင်းရွာ ရဲစခန်းမှူး နှင့် ရဲ ၂ဦးသေဆုံးခဲ့ပြီး ရဲ ၁၀ဦးကိုအရှင်ဖမ်းမိကာ လက်နက်၁၉လက် ရရှိခဲ့သည်။ ထို့အပြင် ကျင်ရဲစခန်းသို့ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင် PDF ထီးလင်းတို့တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။