Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးလင်း YDF ဖမ်းဆီးသည့် သစ်ကားများမှာ ရွာလုံးကျွတ်မီးရှို့ခံရသည့် ပေါက်ဒေသအတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ဟု ထီးလင်း PDF ရှင်းလင်း

ထီးလင်း PDFသည် ဧပြီ ၁၇ရက်က ထီးလင်းမြို့နယ် ကျင်းရွာ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ကျင်းရွာ ရဲစခန်းမှူး နှင့် ရဲ ၂ဦးသေဆုံးခဲ့ပြီး ရဲ ၁၀ဦးကိုအရှင်ဖမ်းမိကာ လက်နက်၁၉လက် ရရှိခဲ့သည်။ ထို့အပြင် ကျင်ရဲစခန်းသို့ စစ်ကူလာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင် PDF ထီးလင်းတို့တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

●ထီးလင်း PDFနှင့် လွှတ်တော်အမတ်တို့က ငွေကြေး ရယူခဲ့သည်ဆိုသည့် စွပ်စွဲချက်မဟုတ်မှန်ဟု ဖြေရှင်း

ထီးလင်း ယောဒေသကာကွယ်ရေး(YDF)က ဖမ်းဆီးခဲ့သည့် သစ်ကားများမှာ စစ်ကောင်စီတပ်က မီးရှို့၍ ရွာလုံးကျွတ် မီးလောင်သွားသည့် ပေါက်မြို့နယ်အတွင်းရှိ ဒေသများတွင်အသုံးပြုရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယမန်နေ့တွင် ရှင်းလင်းခဲ့သည်။

မေလ ၂ရက်က ထီးလင်းမြို့နယ်၊ရှော်ဖြူပင်ကျေးရွာ၌ ၆ဘီးကား ၂စီး ၊ သစ် ၉တန်နှင့် အတူ လူ ၈ဦးကို ဖမ်ဆီးရမိခဲ့ကြောင်းထီးလင်း YDFက​မေ ၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးရမိသူ ၈ဦးသည် သစ်ခိုးထုတ်သူများ ဟု ဖော်ပြခဲ့သည်။ အဆိုပါ ၈ဦး အနက် ၆ဦးမှာ ပေါက်မြို့နယ် အတွင်းမှ ဖြစ်ပြီး ၂ဦးမှာ ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်မှ အဖွဲ့ဝင်များဖြစ်ပြီး PDF ခေါင်းဆောင်ပိုင်း ၁ ဦးနှင့် လွှတ်တော်အမတ် ၁ဦးကို ကျပ် သိန်း ၃၀ ပေးသွင်း၍ ၎င်းတို့ ခွင့်ပြုချက်ဖြင့် ထီးလင်းမြို့နယ်သို့ သစ်ခိုးထုတ်သူများ ဖြစ်ကြောင်း ထီးလင်းPDF ကထုတ်ပြန်သည်။ ယခုကဲ့သို့ သစ်ခိုးထုတ်မှုများကို ထီးလင်း ပြည်သူ့ရဲတပ်ဖွဲ့မှ ၄မှုအထိ ဖမ်းဆီးခဲ့ပြီး ဖြစ်စဉ် အသေးစိတ်နှင့် အထောက်အထားများကိုသက်ဆိုင်ရာအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျဆင်းမည်ကို ထည့်တွက်၍ တင်ပြခြင်းမပြုတော့ဟု ထီးလင်း YDFက ဆိုသည်။

ဖမ်းဆီးမိ​သော သစ်ကားနှစ်စီးနှင့်ပါသူများကို ဖမ်းဆီးချုပ်​နှောင်ထားခြင်း မဟုတ်ဘဲ​ကောင်းမွန်စွာထိန်းသိမ်းထားပြီး ဖြစ်စဥ်ကို NUG သို့​မေ ၃ ရက်တွင်သတင်းပို့ထား​ကြောင်းYDF ထီးလင်းမှ တာဝန်ရှိသူက​ပြောသည်။အထက်ပါဖြစ်ရပ် ထီးလင်း YDF ၏ အသိ့​ပေးအ​ကြောင်းကြားမှု ​ရောက်မလာ​သေး​ကြောင်း NUG ကာကွယ်​ရေးဝန်ကြီးဌာနမှတာဝန်ရှိသူက ​မေ ၅ ရက်တွင်​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ထီးလင်း YDF က ဖွဲ့စည်းထားသည့် ရဲတပ်ဖွဲ့သည် CDM လုပ်ထားသည့် ရဲ များဖြင့် ဖွဲ့စည်းထားသည်ဟု ယင်းအဖွဲ့က အသိပေးထားသည်။

ထီးလင်း PDFနှင့်ထီးလင်း YDFသည် ယခင်ကတည်းက အဆင်မပြေမှု အချို့ရှိခဲ့​ကြောင်းဒေသခံအချို့ကပြောသည်။

ထီးလင်း YDF ၏ ထုတ်ပြန်ချက်နှင့်ပတ်သက် ထီးလင်း PDFက မေလ ၅ရက် ညတွင် ဖြေရှင်းချက်ထုတ်ပြန်ခဲ့သည်။

ထီးလင်းမြို့နယ်ရှော်ဖြူပင်ကျေးရွာတွင်ရှိသော အိမ်သုံး သစ်၊ဝါးအချို့သည် အကြမ်းဖက်စစ်အုပ်စုမှ အာဏာမသိမ်းမှီအချိန်က ခုတ်လှဲထားသဖြင့် ဒေသခံပြည်သူများ၏ စား၀တ်နေရေးအခက်အခဲများကိုဖြေရှင်းရန်အတွက် တားမြစ်ထားသောအရာအချို့ကိုအိမ်သုံးအနေဖြင့် ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ အရောင်းအ၀ယ်ပြုရာတွင် ပြည်သူအချင်းချင်း သာဆောင် ရွက်ခဲ့ကြောင်း၊ ၀ယ်ယူသောသူမှာလည်း ပေါက်ဒေသတွင်းအကြမ်းဖက်စစ်ကောင်စီမှ ရွာလုံးကျွတ်မီးရှို့ခံထားရသောဒေသများအတွက်ပြန်လည်​ဆောက်လုပ်ရန်ဟုသိရှိရသဖြင့် ‌ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းသည်။

ထီးလင်း‌မြို့နယ်ဒေသခံပြည်သူများနှင့် ပေါက်ဒေသ မီးဘေးသင့်ပြည်သူများ၏ အကျိုးစီးပွား ကိုမျှော်ကိုး၍ PDF-ထီးလင်းမှ အိမ်သုံးအနေဖြင့်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး PDF-ထီးလင်းနှင့် လွှတ်တော် အမတ်တစ်ဦးအား ငွေကြေး သိန်း(၃၀)ကျပ်ပေးဆောင်ခဲ့ရသည်ဟူသော စွပ်စွဲချက်များမှာ လုံး၀(လုံး၀) မှန်ကန်ခြင်းမရှိ ကြောင်း ၊ အလှူ‌‌​ငွေထည့်၀င်မည်ဟုသာ၀ယ်ယူသူမှ‌ ‌​ပြောဆိုခဲ့ခြင်း ဖြစ်ပြီးဒေသခံပြည်သူအချင်းချင်း ချိတ်ဆက်ရောင်း၀ယ်ခြင်းသာဖြစ်ကြောင်း ဖော်ပြသည်။

ပေါက်ဒေသမှရွာများ(ယခု မီးဘေးသင့်ရွာများ)မှာလည်း ယခင်က ထီးလင်းဒေသရှိပြည်သူ့ကာကွယ်ရေးအဖွဲ့များအား အလှူငွေများနှင့် ဖောက်ခွဲရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြဖူးကြောင်း၊ ယခု မီးဘေးသင့်သောအချိန်တွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းလိုအပ်ချက်များအတွက် ကူညီနိုင်ရန် PDF-ထီးလင်းမှ တားမြစ်ထားသည့်သစ်၊၀ါးများကိုအိမ်သုံးအနေဖြင့်သာ ဖြေလျှော့၍ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ငွေကြေးရယူ၍ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဟု ဖော်ပြထားသည်။

မီးဘေးသင့်ပြည်သူများအတွက်အသုံးပြုရန်ရည်ရွယ်၍၀ယ်ယူသော သစ်၊ဝါးများကို ဖမ်းဆီးသွားသော ထီးလင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့အမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း PDF-ထီးလင်းအနေဖြင့်မသိရှိ ကြောင်း၊ အမျိုးသာညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၏ လက်အောက်ခံရဲတပ်ဖွဲ့ မှန်၊ မမှန်ကိုလည်း မသိရှိကြောင်း၊PDF-ထီးလင်းတပ်ဖွဲ့အနေဖြင့် NUG အစိုးရ၏ညွှန်ကြားချက်များအတိုင်းဆောင်ရွက်သော ပြည်သူ့ရဲတပ်ဖွဲ့ကိုသာလျှင် အသိအမှတ်ပြုလက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်းမရှိသော ပြည်သူ့ရဲတပ်ဖွဲ့အမည်ခံ လက်နက်ကိုင်အဖွဲ့များကို အသိအမှတ်ပြုမည်မဟုတ်ဟု ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာအချို့တွင်လည်း PDF-ထီးလင်းနှင့်ပက်သက်၍ ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်သတင်းဖြန့်ဝေနေမှု့များမပြုလုပ်သင့်ကြောင်း ဖော်ပြခဲ့သည်။

ထီးလင်း PDFသည် NUG ကာကွယ်ရေး၀န်ကြီးဌာန၏မူဝါဒများ၊လမ်းစဉ်များစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်နေသောအဖွဲ့အစည်းဖြစ်၍ ယခုကဲ့သို့ ဒေသခံပြည်သူများ၏စား၀တ်နေရေး နှင့် မီးဘေးသင့်ပြည်သူများ၏အကျိုးစီး ပွားများအဆင်ပြ‌ေစရန်အတွက် တားမြစ်ထားသောအရာများ ဖြေလျှော့ပေးခြင်းအပေါ် အပြစ်ပေးအရေးယူမည်ဆိုပါက ခံယူသွားမည်ဟု အသိပေးခဲ့သည်။

ထီးလင်း PDFသည် ဧပြီ ၁၇ရက်က ထီးလင်းမြို့နယ် ကျင်းရွာ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ကျင်းရွာ ရဲစခန်းမှူး နှင့် ရဲ ၂ဦးသေဆုံးခဲ့ပြီး ရဲ ၁၀ဦးကိုအရှင်ဖမ်းမိကာ လက်နက်၁၉လက် ရရှိခဲ့သည်။ ထို့အပြင် ကျင်ရဲစခန်းသို့ စစ်ကူလာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင် PDF ထီးလင်းတို့တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။