Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွာလုံးကျွတ်မီးဖြတ်ခြင်း၊ အတင်းအကျပ်မီတာခ​ကောက်​ခံခြင်းများလုပ်​နေသောဝမ်းတွင်းမြို့နယ်လျှပ်စစ်ရုံး မိုင်းခွဲခံရ

ဝမ်းတွင်မြို့နယ်မှEPC ရုံးဝန်ထမ်းများသည် ပြည်သူများအပေါ် စစ်​ကောင်စီနည်းတူလုပ်စားနေသည်မှာ ကြာပြီဖြစ်ပြီး​ဒေသခံပြည်သူများက EPC ရုံးဝန်ထမ်းများကို သ​ဘောမကျဘဲ မုန်းတီး​နေကြ​ကြောင်းလည်း၎င်းက​ပြောသည်။

(ဝမ်းတွင်းမြို့နယ် ဓာတ်အားခွဲရုံတစ်ခုအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ရွာလုံးကျွတ်မီးဖြတ်ခြင်း၊ အတင်းအကျပ်မီတာခကောက်ခြင်းများပြုလုပ်နေသည့် မြို့နယ်လျှပ်စစ်ရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း Wundwin Township Revolution Force-WTRF (ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့)မှ တာဝန်ရှိသူက ပြောသည်။

ယနေ့ (မေလ ၆ ရက်) နံနက် ၃နာရီ ၄၀ မိနစ်အချိန်က ဝမ်းတွင်းမြို့ရှိ မြို့နယ်လျှပ်စစ်ရုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီပေါက်ကွဲသံအား တစ်မြို့လုံးနေရာအနှံ့မှကြားလိုက်ရကြောင်း ​မြို့ခံများက ပြောသည်။

“ဝန်ထမ်းအိမ်ရာမှာသွားထောင်ပြီး ခွဲတာပါ။ အတွင်းထဲထိခြံစည်းရိုးကိုဖောက်ပြီးဝင်ကြတာပါ။ အဝေးထိန်းနဲ့ဝန်ထမ်းထိခိုက်မှုတော့မသိသေးဘူး။ မနက်အစော၄နာရီမက်တင်းလောက်ကဆော်လိုက်တာ။တစ်ယောက်မှထွက်မလာဘူး။ ခွေးတွေလည်းမလာဘူး။ ၇ နာရီလောက်မှ မိတ္ထီလာဘက်က ကားပေါက်စ တစ်စီးလာတယ်။ ရုံးရှေ့က တစ်လုံးကိုမသွားတယ်။ ပြီးတော့ခွေးတွေစည်းရိုးတွေအကုန်ပတ်ရှာနေကြတယ်”ဟုWTRF (ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့)မှ တာဝန်ရှိသူက ​ပြောသည်။

ဝမ်းတွင်မြို့နယ်မှEPC ရုံးဝန်ထမ်းများသည် ပြည်သူများအပေါ် စစ်​ကောင်စီနည်းတူလုပ်စားနေသည်မှာ ကြာပြီဖြစ်ပြီး​ဒေသခံပြည်သူများက EPC ရုံးဝန်ထမ်းများကို သ​ဘောမကျဘဲ မုန်းတီး​နေကြ​ကြောင်းလည်း၎င်းက​ပြောသည်။

Public Service Announcement

Public Service Announcement

“EPCကိုကျွန်တော်တို့ WTRFအနေနဲ့သတိခဏခဏပေးခဲ့တယ်။ အိမ်တချို့ကမီတာမဆောင်လို့ရှိရင်ရွာလုံးကျွတ်တွေကိုမီးဖြတ်တာ။ ပြီးရင်ရပ်သူရွာသားတွေကိုမိုက်ကြေးခွဲသလိုဆက်ဆံတာများလာပြီ။ ဖြစ်ချင်တော့ ကျတော်တို့WTRFကပထမတခေါက်မှာအဖမ်းခံလိုက်ရပြီး အဖွဲ့ဝင်နည်းနည်းပါသွားတယ်။ အဖမ်းခံရပြီးအဖွဲ့က ဖရိုဖရဲနဲ့ဖြစ်နေချိန် သူတို့တအားအတင့်ရဲလာကြတယ်။ အရင်ကစစ်ခွေးတွေနဲ့အတူတူလာတယ်။ မီးဖြတ်တယ် ပိုက်ဆံကောက်တယ်။ WTRFကနောက်ပိုင်းသိပ်မလှုပ်ရှားနိုင်တာကိုအခွင့်ကောင်းယူပြီး စခ တောင်မပါဘူး သူတို့ဖာသာ လုပ်ချင်တိုင်းကိုလုပ်နေကြတော့တာမြို့နယ်တစ်ခုလုံးကို” အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝမ်းတွင်း မြို့နယ်လျှပ်စစ်ရုံးသည် ပြည်သူများအား အတင်းအကျပ်မီတာခဆောင်ခိုင်းနေပြီး မဆောင်ပါက မီးဖြတ်ခြင်း၊ မီတာအလုံးလိုက်ဖြုတ်သိမ်းသွားခြင်းများ ပြုလုပ်နေကြောင်း၊ ဝမ်းတွင်းမြို့သည် လျှပ်စစ်မီးကိုအားကိုးကာ အထည်လုပ်ငန်းများလုပ်ကိုင်ရသည့်အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများကလည်း ​ပြောသည်။

“EPC ကပြည်သူတွေမီတာဆောင်ရပြီး တစ်ရက်၂နာရီလောက်ပဲမီးပေးချင်ပေးတာပါ။ မီတာကြေးမဆောင်တာနဲ့ချက်ချင်းဖြတ်သွားတာ။ တချို့ရွာတွေကျ အရင်းကနေဖြုတ်သွားတာ။ ပြီးမှတစ်ရွာလုံးထဲ ၅၀ ရာခိုင်နှုန်းဆောင်ရင်မီးပြန်လွှတ်ပေးမယ်ဆိုပြီးငွေသာအရယူသွားတယ်။ ခွေးတွေကတော့လုပ်စားနည်းမျိုးစုံနဲ့လုပ်စားတာဗျာ။ ပြောပြရင်ကုန်မှာမဟုတ်ဘူး။”ဟု ဝမ်းတွင်းဒေသခံတစ်ဦးက ပြောသည်။

ဝမ်းတွင်းမြို့နယ်တွင် ဧပြီလ ၂၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီသတင်းပေး၊ ပျူစောထီးများအား ငွေထုတ်ပေးနေသူ ဆီဆိုင်ပိုင်ရှင်တစ်ဦးအားဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့)က ရှင်းလင်းခဲ့သည်ဟုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။

သတင်း

တံတားဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်သည် စစ်ကြောင်း သုံး ကြောင်းခွဲပြီး ပေါက်မြို့နယ် အုန်းတောရွာကို မီးရှို့ဖျက်ဆီးနေ​ကြောင်းလည်းသိရသည်။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီစစ်‌ကြောင်းသည် ချောင်းဝရွာအနီးရှိ မင်းကျောင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသဖြင့် ပြင်ဆင်မှုမလုပ်နိုင်သေးပေ။