Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို AA စစ်ဦးစီးချုပ် သတိပေး

ဒီနေ့မနက်ပိုင်းက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ တွစ်တာမှာ ” ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ၊ငြိမ်းချမ်းရေး ဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူး၊ မင်းနေတဲ့နေရာအထိတက်ကြိတ်ပလိုက်မှာနော်” လို့ရေးသားထားတာတွေ့ရပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အခြေစိုက်ရာ အမ်းမြို့ထိ တက်ပြီး တိုက်ခိုက်မယ်လို့ လူမှုကွန်ရက် တွစ်တာကနေ စစ်ကောင်စီတိုင်းမှူးကို သတိပေး ကြိမ်းဝါးလိုက်ပါတယ်။

စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟာဗိုလ်ချုပ်ထင်လတ်ဦးဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ တွစ်တာမှာ ” ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ၊ငြိမ်းချမ်းရေး ဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူး၊ မင်းနေတဲ့နေရာအထိတက်ကြိတ်ပလိုက်မှာနော်” လို့ရေးသားထားတာတွေ့ရပါတယ်။

ဒီလိုကြိမ်းဝါးရတဲ့ အကြောင်းရင်းကိုတော့မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းစစ်အင်အားတိုးချဲ့တာတွေရှိနေသလို AA နဲ့ဆက်နွယ်သူတွေကို ဖမ်းဆီးတာတွေကြောင့် AAစစ်ဦးစီးချုပ်က အခုလို သတိပေးလိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က သူကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိုတယ်လို့ ဖိတ်ကြားထားတဲ့အချိန် မှာ AA စစ်ဦးစီးချုပ်က အခုလိုပြောလာတာလည်းဖြစ်ပါတယ်။

AA ဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအချို့ကို စစ်ပညာသင်ကြားပေးနေတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။