Connect with us

Hi, what are you looking for?

News

ထန်းတပင်က PDF စခန်းတစ်ခုတိုက်ခိုက်ခံရချိန်မှာ ဒီချုပ်အမတ်ရဲ့ အမျိုးသားကျဆုံး

စစ်ကောင်စီတပ်ဟာ စခန်းတွေကို ဝင်ရောက်မစီးနင်းခင် မေ ၂ ရက်နေ့ကတည်းက စစ်ကားနှစ်စီးနဲ့ ရှားစေးဘိုး ရေလျံစခန်းကို အင်အားဖြည့်တက်လာပြီး မေ ၃ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်က လယ်ကူးရွာ ခူထီးလိုချောင်းကို ဖြတ်တက်လာကာ ကစယ်ဒိုတောင်ခြေအထိ နယ်မြေကျော်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

People's Spring
People's Spring

ထန်းတပင်မြို့နယ်မှာရှိတဲ့ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ NLD အမတ် နော်ခရစ္စထွန်းရဲ့ အမျိုးသားဖြစ်သူ ဦးစိုင်းမောင်အံ ကျဆုံးသွားခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မေလ ၄ ရက် မနက် ၅ နာရီအချိန်က ကေအဲန်ယူ-တောင်ငူခရိုင် ထန်းတပင်မြို့နယ် KNLAတပ်ရင်း (၆) နယ်မြေအတွင်းက PDF ရဲ့ လှည်းဘွဲကြီး စခန်းကို စစ်ကောင်စီတပ်က သာလွန်အင်အားနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေ့ မနက် ၅ နာရီတစ်ကြိမ် ၉ နာရီခွဲခန့်မှာတစ်ကြိမ် ၁၁ နာရီမှာတစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် သံတောင်ကြီးမြို့နယ် အမျိူးသာဒီမိုကရေစီအဖွဲ့ချုပ် NLDကိုယ်စားလှယ်အမတ် နော်ခရစ္စထွန်းရဲ့ အမျိူးသား ဦးစိုင်းမောင်အံကျဆုံးသွားခဲ့တာလို့ တောအူးကရင်သတင်းစဥ်မှာ ပါရှိတာပါ။

“တခြားသူတွေလွတ်သွားပါတယ်။ သူကျတော့ ထွက်ပြေးမလွတ်အဆုံး လက်နက်ထိမှန်လို့ ကျဆုံးခဲ့ပြီ။ လက်နက်အချို့လည်းပါသွားခဲ့တယ်” လို့ စခန်းနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၄ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ထန်းတပင်မြို့အနီးက တခြား PDF စခန်းတစ်ခုကိုလည်း စစ်ကောင်စီတပ်အင်အား ၅၀ ခန့်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သေးပြီး PDF တပ်သားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကာ စခန်းကိုလည်း ဆုတ်ခွာသွားခဲ့ရသေးတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ စခန်းတွေကို ဝင်ရောက်မစီးနင်းခင် မေ ၂ ရက်နေ့ကတည်းက စစ်ကားနှစ်စီးနဲ့ ရှားစေးဘိုး ရေလျံစခန်းကို အင်အားဖြည့်တက်လာပြီး မေ ၃ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်က လယ်ကူးရွာ ခူထီးလိုချောင်းကို ဖြတ်တက်လာကာ ကစယ်ဒိုတောင်ခြေအထိ နယ်မြေကျော်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၃ ရက်နေ့ ညပိုင်းအချိန်မှာ ဒရုန်းတွေကင်းထောက်လှမ်းခဲ့ပြီး မေ ၄ ရက်နေ့ မနက်အစောပိုင်းမှာ ထီခီးဒေသနဲ့ မဝေးတဲ့ လှည်းဘွဲကြီးစခန်းကို အခုလိုဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ တောအူးကရင်သတင်းစဉ်ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်ဟု ခေါင်းစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းရန် ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား သွေးခွဲရေးဗျူဟာဖြစ်ကြောင်း PDF၊ ဒေသကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

သတင်း

စစ်ကိုင်းမှာ စစ်ကောင်စီတ​ပ်သားနှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို PDF က သိမ်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်ထဲကရွာ‌​တွေက စစ်တပ်ဆီကိုလက်နက်နဲ့ရိက္ခာပို့လာတဲ့စစ်တပ်ယာဉ်တန်းနဲ့ လုံခြုံရေးယူလာတဲ့ စစ်သား​တွေကို PDF ​တွေကတိုက်ခိုက်တာမှာစစ်သား၃၀ကျော်သေဆုံးပြီး ရိက္ခာပို့ယာဉ်နှစ်စီးကို နဲ့သုံ့ပန်း၃ဦးကိ ဖမ်း‌ဆီးရရှိမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့) ကတာဝန်ရှိသူက​ပြောပါတယ်။

သတင်း

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးထက်မနည်းသေဆုံး၊ စစ်သုံ့ပန်း(၂၂)ဦးနှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ