Connect with us

Hi, what are you looking for?

News

ရွှေဘိုနှင့် ဝက်လက်မြို့နယ်အစပ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေမွှေနှောက်မှုများပြုလုပ်ခဲ့ပြီး ညနေ ၄နာရီခန့်တွင် စတင်မီးရှို့ဖျက်ဆီးခဲ့မှု့ကြောင့် သုံးရွာလုံးရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရကြောင်း ​ဒေသခံများက ပြောသည်။

(ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ဝက်လက်မြို့နယ် အရှေခြမ်းရွာများ၌ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ရွှေဘိုနှင့်ဝက်လက်မြို့နယ်အစပ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး ကျေးရွာသုံးရွာအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားကြောင်းဒေသခံများက ပြောသည်။

ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အစပ်တွင်ရှိသော ကုလားမရွာ၊ လက်ကောက်ကျရွာ၊ ထုံးဘိုကုန်းကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်က ယမန်နေ့(မေလ ၅ ရက်) မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ဝင်ရောက်စီးနင်းခဲ့သည်။

နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေမွှေနှောက်မှုများပြုလုပ်ခဲ့ပြီး ညနေ ၄နာရီခန့်တွင် စတင်မီးရှို့ဖျက်ဆီးခဲ့မှု့ကြောင့် သုံးရွာလုံးရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရကြောင်း ​ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ရွာမြောက်ဘက်ရှိ ကြံခင်းများကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ကုလားမကျေးရွာနှင့် လက်ကောက်ကျကျေးရွာတို့မှ ပြည်သူ ၃ဝခန့်ကို ရိုက်နှက် ခေါ်ဆောင်ကာ ကုလားမကျေးရွာအတွင်း၌ ဖမ်းဆီးထားကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ဝက်လက်မြို့နယ် အရှေခြမ်းရွာများ၌ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

ကုလားမရွာနှင့် လက်ကောက်ကျရွာတို့သည် ရွာချင်းဆက်နေပြီး နှစ်ရွာပေါင်းအိမ်ခြေ ၁,ဝဝဝ ခန့်ရှိသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ရန်ကြောင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ၍ ပျက်စီးမှုအခြေအနေ အတိအကျမသိရသေးပါ။

အကြမ်းဖက်စစ်တပ်သည် ဝက်လက်နယ်၊ ခက်သင်တောင်ပေါ်နှင့် စဥ့်ကူးနယ်ဘက်မှလည်းလက်နက်ကြီးများတပ်ဆင်ကာ ထုံးဘိုကုန်းရွာဘက်သို့ ဦီးတည် ရမ်းပစ်ခတ်နေ၍ ရွာနေပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။