Connect with us

Hi, what are you looking for?

News

မြန်မာကို လူသားချင်းစာနာမှုအကူအညီများပေးရေး NUGဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့တွေ့ဆုံ

အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီအရေးပေါ်လိုအပ်နေသူများထံသို့ ထိရောက်စွာထောက်ပံ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာမှ ပံ့ပိုးလုပ်ဆောင်နိုင်မည့်နည်းလမ်းများကို ပါဝင်ပတ်သက်သူများအားလုံးနှင့် ဆွေးနွေးတိုင်ပင်၍ ဝိုင်းဝန်းအဖြေရှာနိုင်ရန် သုံးသပ်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Dr. Noeleen Heyzer တို့ ယမန်နေ့က အွန်လိုင်းမှတွေ့ဆုံဆွေးနွေးသည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်နိုင်ရေးအတွက် အာဆီယံအဖွဲ့ ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ကမ္ဘောဒီးယား၊ ဖနွမ်းပင်မြို့၌ အစည်းအဝေးပြုလုပ်နေပြီး ယင်းအစည်းအဝေးမတိုင်မီ ကုလအထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

NUGဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့တွေ့ဆုံစဉ် အရပ်သားအစိုးရအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရေး၊ အားလုံးပါဝင်သည့် ဖြေရှင်းနည်းများ ရှာဖွေနိုင်ရေး၊ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီအရေးပေါ်လိုအပ်နေသူများထံသို့ ထိရောက်စွာထောက်ပံ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာမှ ပံ့ပိုးလုပ်ဆောင်နိုင်မည့်နည်းလမ်းများကို ပါဝင်ပတ်သက်သူများအားလုံးနှင့် ဆွေးနွေးတိုင်ပင်၍ ဝိုင်းဝန်းအဖြေရှာနိုင်ရန် သုံးသပ်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook