Connect with us

Hi, what are you looking for?

News

မြန်မာကို လူသားချင်းစာနာမှုအကူအညီများပေးရေး NUGဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့တွေ့ဆုံ

အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီအရေးပေါ်လိုအပ်နေသူများထံသို့ ထိရောက်စွာထောက်ပံ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာမှ ပံ့ပိုးလုပ်ဆောင်နိုင်မည့်နည်းလမ်းများကို ပါဝင်ပတ်သက်သူများအားလုံးနှင့် ဆွေးနွေးတိုင်ပင်၍ ဝိုင်းဝန်းအဖြေရှာနိုင်ရန် သုံးသပ်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Dr. Noeleen Heyzer တို့ ယမန်နေ့က အွန်လိုင်းမှတွေ့ဆုံဆွေးနွေးသည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်နိုင်ရေးအတွက် အာဆီယံအဖွဲ့ ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ကမ္ဘောဒီးယား၊ ဖနွမ်းပင်မြို့၌ အစည်းအဝေးပြုလုပ်နေပြီး ယင်းအစည်းအဝေးမတိုင်မီ ကုလအထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

NUGဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့တွေ့ဆုံစဉ် အရပ်သားအစိုးရအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရေး၊ အားလုံးပါဝင်သည့် ဖြေရှင်းနည်းများ ရှာဖွေနိုင်ရေး၊ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီအရေးပေါ်လိုအပ်နေသူများထံသို့ ထိရောက်စွာထောက်ပံ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာမှ ပံ့ပိုးလုပ်ဆောင်နိုင်မည့်နည်းလမ်းများကို ပါဝင်ပတ်သက်သူများအားလုံးနှင့် ဆွေးနွေးတိုင်ပင်၍ ဝိုင်းဝန်းအဖြေရှာနိုင်ရန် သုံးသပ်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်း​တွေတိုက်ဖျက်ဖို့ ၊FATF သတ်မှတ်ချက်​တွေကိုလိုက်နာဖို့သတိ​ပေးပြီး တိုးတက်မှုမရှိရင် ၂၀၂၇​​ဖေ​ဖော်ဝါရီမှာပိုပြင်းထန်တဲ့အ​ရေးယူမှုလုပ်ဖို့စဥ်းစားမယ်

သတင်း

တရားမဝင်၊ ဒုစရိုက် စီးပွားရေး လုပ်ငန်းတွေကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ရန်လိုအကြမ်းဖက်မှုတွေကို ပိုမို ဆိုးရွားလာစေပြီး အရပ်သား ပြည်သူတွေကအဲဒီဒဏ်ကိုအဓိက သက်ရောက် ခံစားနေရကြောင်း ကုလသမဂ္ဂ (UN)ရဲ့မြန်မာ့အရေးကျွမ်းကျင်သူတွေကသတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ သုံးရက်တာမြန်မာနိုင်ငံခရီးစဥ်မှာ စစ်ရှောင် မိသားစု ၁၁၀၀၀ ဝန်းကျင်အတွက် လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေမှု အစီအစဉ်ကို အစပြုပေးခဲ့ပါတယ်။